We'd like to send you notifications of the latest posts and updates

ကံထူးခွင့် လက်မှတ် အရေအတွက်အများဆုံးပိုင်ဆိုင်ထားတဲ့သူ အယောက် ၃၀၀ ကို ကြည့်ရန် ဒီကို နှိပ်ပါ။

Article

ဒစ်ဂျစ်တယ် အက်ပ်တွေ အကူအညီနဲ့ စွမ်းဆောင်ရည်တွေတိုးမြှင့်ပြီး ဘ၀ကိုလွယ်ကူရိုးရှင်းအောင် ဖန်တီးလိုက်ပါ

28 Aug,2025 - Yangon | 3 mins read

Author: Ye Yint Thu , VP, Head of Digital Channel & Distribution

နေ့စဉ်လုပ်ဆောင်နေတဲ့ ကိစ္စလေးတွေက ဒီထက်ပိုအဆင်ပြေချောမွေ့လာနိုင်တယ်ဆိုတာ သိပါသလား? ဒစ်ဂျစ်တယ်လုပ်ဆောင်ချက်များစွာနဲ့ မိမိတို့ရဲ့လိုအပ်ချက်တွေေ ဖြည့်ဆည်းပေးနိုင်တဲ့ အံ့အားသင့်စရာ နည်းလမ်းတွေကလည်း ကျွန်တော်တို့လက်ဖျားလေးတင် ရှိနေပါတယ်။ ဒါကြောင့် ထူးခြားကောင်းမွန်တဲ့ ဒစ်ဂျစ်တယ်အကူအညီတွေက တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာတာကို  မြင်ရမှာပါ။ ဒီဆောင်းပါးကတဆင့် ဖော်ထုတ်ပေးလိုက်တဲ့ Hidden Treasures တွေက အသုံးပြုသူတွေကို ခေတ်နဲ့အညီရှိနေစေပြီးတော့ နေ့စဉ်လုပ်ဆောင်ချက်တွေ ပိုမိုလွယ်ကူရိုးရှင်းလာစေဖို့ ကူညီပေးပါလိမ့်မယ်။ ဒါဆို သင့်ရဲ့လုပ်ငန်းဆောင်တာတွေ ပိုမိုတိုးတက်လာစေဖို့နဲ့ သမားရိုးကျနေ့ရက်တွေထဲက တစ်ခုမဖြစ်ရအောင် ATOM Store App ရဲ့ ထူးခြားတဲ့ Features (၅) ခုကို ကြည့်လိုက်ရအောင်။ 
 
BeautiGen 
ဘ၀အတွေ့အကြုံသစ်တွေ ခံစားဖို့အတွက် “BeautiGen” နဲ့အတူတူ အသုံးပြုသူတွေရဲ့စိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ပါပြီ! Generative Art၊ Anime Art စတဲ့ အနုပညာဖန်တီးမှုတွေအပါအဝင် ကိုယ်ပိုင်ဒစ်ဂျစ်တယ် stylist တစ်ခုအနေနဲ့ စိတ်ကူးအတွေ့အကြုံတွေကို အရယူနိုင်မှာပါ။ ကိုယ့်အိပ်မက်ထဲက ကိုယ်နဲ့လိုက်ဖက်တဲ့ဆံပင်ပုံစံတွေကစလို့  ဓာတ်ပုံနောက်ခံ background ဖယ်ရှားချင်တာတွေ၊ ရှိပြီးသားဓာတ်ပုံကို လိုင်စင်ဓာတ်ပုံပြောင်းလဲတာတွေကို အလွယ်တကူ ပြုလုပ်ပေးနိုင်ပါတယ်။ “BeautiGen” ရဲ့ Creative ဝန်ဆောင်မှုတွေကို နေ့စဉ်၊ အပတ်စဉ်အလိုက် subscription တွေကတဆင့် လွယ်ကူသက်သာစွာ ရယူနိုင်ဦးမှာပါ။ ဒီ့အပြင် လျှပ်စစ်စက်ဘီး၊ ရွှေလက်စွပ်၊ အထူးဆု ငွေကျပ် ၁ သိန်းနဲ့ လစဉ်ဆုမဲပေါင်းများစွာပေးအပ်နေတဲ့ lucky draw အစီအစဉ်ကိုလည်း လက်မလွှတ်ကြဖို့ပြောလိုပါတယ်။ ဒါဆိုရင် ဆုတွေဆွတ်ခူးရင်း စတိုင်လ် မိမိနေလိုက်ကြရအောင်။
 
ATOMXpert  
ကျောင်းသားတစ်ယောက်အနေနဲ့ စာစီစာကုံးရေးဖို့ စိတ်ကူးအကြံဉာဏ်တွေ တိုးတက်လာချင်တာလား? စီးပွားရေးလုပ်ငန်းတွေအတွက် content ဒီဇိုင်းတွေပြင်ဆင်ဖို့ အကူအညီလိုနေတာလား? ဒါမှမဟုတ် စိတ်ကြိုက် visual ဒီဇိုင်းတွေပါ ဖန်တီးခိုင်းချင်တာလား? ATOMXpert က AI ရဲ့ စွမ်းဆောင်ရည်တွေ သင့်ဆီယူလာပါပြီ။ Teeoff နည်းပညာနဲ့ချိတ်ဆက်ထားတာဆိုတော့ ကိုယ်ရဲ့လုပ်ဆောင်ချက်တွေ၊ ကိုယ်ရှာဖွေထားတဲ့ ဒေတာအချက်အလက်တွေကို application တွေအများကြီးသုံးပြီး တစ်ခုချင်း ပြန်ရှာနေစရာမလိုပဲနဲ့ အားလုံးကို ATOMXpert ရဲ့ activity history ထဲမှာ မှတ်တမ်း ပြန်ကြည့်နိုင်ပါတယ်။ ဖုန်းနံပါတ်လေးတစ်ခုထဲနဲ့ subscription အလွယ်တကူပြုလုပ်နိုင်လို့ “ATOMExpert” ဝန်ဆောင်မှုက သုံးစွဲသူတွေအတွက် အလုပ်တွေစမတ်ကျကျ လုပ်ကိုင်နိုင်စေမှာဖြစ်ပြီးတော့ ကိုယ်လိုအပ်တဲ့ဒီဇိုင်းတွေ စိတ်ကြိုက်ဖန်တီးရေးဆွဲဖို့နဲ့ အားလပ်ချိန်မှာ စိတ်ကူးအကြံဉာဏ်တွေ ရှာဖွေနိုင်ဖို့ ကူညီပေးနေမှာဖြစ်ပါတယ်။ 

 

MyTune 
အသံတွေ၊ စာသားတွေကတစ်ဆင့် အနုပညာကိုဖော်ကြူးနေတဲ့ သီချင်းသံစဉ်တွေက ကျွန်တော်တို့ကိုစိတ်သက်သာရာရစေပြီး ခံစားချက်တွေထုတ်ဖော်ဖို့အကောင်းဆုံးကူညီပေးပါတယ်။ MyTune နဲ့သာဆိုရင် တခြားသူကိုယ့်ကို ဖုန်းခေါ်တဲ့အခါ ဖုန်းမကိုင်ခင် ပုံမှန်ဖုန်းသံစဉ်တွေပဲကြားရတဲ့ နေ့ရက်တွေ ရှိတော့မှာမဟုတ်ပါဘူး။ MyTune မှာ တေးသွား ၁၂၀,ဝဝဝ ကျော်နဲ့ နာမည်တေးသွား ၈,ဝဝဝ ကျော် ပါဝင်ပြီးတော့ မြန်မာသီချင်းအပြင် နိုင်ငံတကာသီချင်း၊ တရုတ်သီချင်းနဲ့ ရှမ်း၊ ရခိုင် စတဲ့ ရှာဖွေရခက်တဲ့ တိုင်းရင်းသားသီချင်းတွေကိုပါ လွယ်လွယ်ကူကူ ရရှိနိုင်ပါတယ်။ Subscription အလွယ်တကူပြုလုပ်ပြီး ဝန်ဆောင်မှုကိုဲရယူနိုင်တာဆိုတော့ MyTune နဲ့အတူတူ ကိုယ့်ရဲ့နေ့စဉ်လုပ်ဆောင်ချက်တွေမှာ သီချင်းသံစဉ်လေးတွေနဲ့ ပျော်ရွှင်စရာအခိုက်အတန့်တွေ အခုပဲဖန်တီးလိုက်ပါ။ 
 
LifeX
ဗဟုသုတတွေပိုပြီး ကြွယ်၀လာစေဖို့ သင်ယူလေ့လာစရာ အမြဲရှာဖွေနေရတာ စိတ်ဝင်စားကြတဲ့သူတွေဆိုရင်တော့ ATOM Store App ရဲ့ နောက်ထပ်ထူးခြားတဲ့ LifeX feature ကို စမ်းသုံးကြည့်သင့်ပါတယ်။ သင်ယူမှုကဘယ်တော့မှမရပ်တန့်သွားဘူး ဆိုသလိုပဲ LifeX က ဘဝ နဲ့ ပညာရေးပိုင်းအတွက် အကူအညီ ဖြစ်စေဖို့ဖန်တီးထားတာဖြစ်ပြီးတော့ ဘဝနဲ့ပတ်သက်တဲ့ အကြံဉာဏ်၊ ပညာရေးအတွက် သင်ယူစရာ၊ လေ့လာစရာ အရင်းအမြစ်တွေအပြင် ကိုယ်မသိတဲ့နယ်ပယ်ကပညာရပ်တွေကိုပါ တစ်နေရာတည်းမှာ လွယ်လွယ်ကူကူနဲ့ ရှာဖွေနိုင်သွားမှာဖြစ်ပါတယ်။ ဉာဏ်စမ်း (Quiz) အနေနဲ့ ကိုယ်လေ့လာထားတာတွေ အကျိူးရှိအောင်လည်း ပြန်လည်စမ်းစစ်နိုင်ဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် subscription လုပ်ထားတဲ့ ကာလတစ်လျှောက်လုံး လေ့လာသင်ယူစရာတွေကို အကြိမ်ရေအကန့်အသတ်မရှိ ကြည့်ရှုနိုင်ဦးမှာပါ။ အထူးအစီအစဉ်အနေနဲ့ ဇွန်လ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၃၁ ရက်နေ့၊ ၂၀၂၅ ခုနှစ်အထိ “Learn & Win” ကံစမ်းမဲ အစီအစဉ်လည်းရှိသေးတာမို့လို့ ဗဟုသုတတွေရှာဖွေလေ့လာရင်း JBL Encore Speaker နဲ့ အခြားဆုလက်ဆောင်တွေ အခုပဲအရယူလိုက်ပါ။
 
FindJob 
MyJobs.com.mm နဲ့ ပူးပေါင်းပြီး ဖန်တီးထားတဲ့ “FindJob”ဆိုတဲ့ feature က မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အလုပ်ရှာဖွေသူတွေအတွက် အွန်လိုင်း အလုပ်ရှာဖွေရေး ပလက်ဖောင်းဖြစ်ပါတယ်။ ဒီ feature မှာ ကိုယ်စိတ်ဝင်စားတဲ့ လုပ်ငန်းနယ်ပယ်အလိုက် ပြည်တွင်းပြည်ပအလုပ်အကိုင်အခွင့်အလမ်းတွေကို ဝင်ရောက် ရှာဖွေကြည့်ရှုနိုင်သလို အက်တမ် (ATOM)  ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုပါ LinkedIn အကောင့်ကတဆင့် လျှောက်ထားနိုင်ပါတယ်။ “FindJob” ကို Pay-As-You-Go စနစ်နဲ့ အလွယ်တကူ အသုံးပြုနိုင်မှာဖြစ်ပြီးတော့  အသက်မွေးဝမ်းကြောင်းနဲ့ဆိုင်တဲ့ tips တွေ၊ ခေတ်စားနေတဲ့ အလုပ်အကိုင်ဆိုင်ရာ အကြံပေးဆောင်းပါးတွေနဲ့ ဗီဒီယိုတွေကိုလည်း စိတ်ကြိုက်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။  ဒါကြောင့် ကိုယ်စိတ်ဝင်စားတဲ့ အလုပ်နဲ့ လေ့လာစရာ၊ အရင်းအမြစ်တွေကို ရှာဖွေရင်း စိတ်ကူးအိပ်မက်ထဲကအလုပ်အကိုင်တွေကို အခုပဲ အရယူလိုက်ပါ။ 

 

နိဂုံး
အခုဖော်ပြလိုက်တဲ့ feature (၅) ခုက နည်းပညာပိုင်းနဲ့ သင်ယူလေ့လာရေးအပိုင်းတွေမှာ သက်တောင့်သက်သာ ဖြစ်စေရုံမကပဲနဲ့ ဘ၀ရဲ့အစိတ်အပိုင်းအားလုံးမှာ တိုးတက်လာအောင် ကူညီပေးနိုင်တဲ့ ထူးခြားကောင်းမွန်တဲ့ feature တွေဖြစ်တယ်ဆိုတာ အသုံးပြုသူတွေအနေနဲ့ တွေ့မြင်နိုင်ပါတယ်။ ATOM Store App ရဲ့ထူးကဲသာလွန်တဲ့ဝန်ဆောင်မှုတွေနဲ့အတူတူ  ပိုမိုကောင်းမွန်တဲ့ သုံးစွဲသူအတွေ့အကြုံတွေကိုအရယူပြီး နေ့စဉ်ဘ၀အတွက် ဒစ်ဂျစ်တယ်အကူအညီတွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ လွယ်လွယ်ကူကူ click လေးတစ်ချက်နှိပ်လိုက်ရုံနဲ့ အက်တမ် (ATOM) က သုံးစွဲသူတွေအတွက် နေ့စဉ်ဘဝမှာ အကူအညီဖြစ်စေမယ့် ဒစ်ဂျစ်တယ်အကူအညီပေးစွမ်းဖို့ ကြိုးပမ်းလုပ်ဆောင်ပေးနေပါတယ်။ ဒါကြောင့်  ATOM Store App ကို App Store ကဖြစ်စေ၊ Google Play Store ကဖြစ်စေ၊ Huawei App Store ကဖြစ်စေ အလွယ်တကူဒေါင်းလုပ်ရယူပြီး စတင်အသုံးပြုလိုက်ပါ။ 

Back to top