We'd like to send you notifications of the latest posts and updates

ကံထူးကံမြူး၊ သိန်းပေါင်း ၆၀၀၀ အထိ ဆွတ်ခူး Read more

Article

၂၀၂၅ ခုနှစ်အတွက် မိမိကိုယ်ကို ပြောင်းလဲပေးနိုင်မယ့် နည်းလမ်းကောင်းများ  

06 Jan,2025 - Yangon | 1 mins read

ရေးသူ - Aye Mya Thanda, DCHRO of ATOM

 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တစ်လျှောက် ကျွန်မတို့ သင်ယူခဲ့တဲ့ သင်ခန်းစာတွေနဲ့ ရရှိခဲ့တဲ့အောင်မြင်မှုတွေနဲ့ ပတ်သက်ပြီး နှစ်သစ်စတင်ချိန်မှာ ပြန်လည်စဉ်းစားသုံးသပ်ကြဖို့ လိုပါတယ်။ လူအများစုကလည်း  ၂၀၂၅ ခုနှစ်ကို အကောင်းဆုံး ဖြတ်သန်းနိုင်ဖို့ စိတ်လှုပ်ရှားနေကြပြီး ရည်မှန်းချက်တွေလည်း ချမှတ်ဖို့လည်း အသင့်ဖြစ်နေကြပါပြီ။


 

ဒါကြောင့် တစ်ဦးတစ်ယောက်ချင်းစီ အနေနဲ့ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အသစ်တစ်ဖန်ပြန်လည်စတင်ဖို့အတွက် ချမှတ်သင့်တဲ့ ရည်မှန်းချက်တွေ နဲ့ personal development အတွက် အရေးပါတဲ့ အချက် (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ စိတ်ခံစားချက်စွမ်းရည် တိုးတက်အောင်ပြုလုပ်ခြင်း- စိတ်ခံစားချက်စွမ်းရည်တွေကို တိုးတက်ကောင်းမွန်အောင်ပြုလုပ်ခြင်းဟာ စာနာနားလည်မှုနဲ့၊ ပိုမိုကောင်းမွန်သောဆက်ဆံရေးများ တည်ဆောက်တဲ့အပိုင်းတွေမှာ တိုးတက်ကောင်းမွန်လာမှာပဲဖြစ်ပါတယ်။ ထိုကဲ့သို့ စိတ်ခံစားချက်စွမ်းရည်မြှင့်တင်မှုကို လုပ်ဆောင်နိုင်ဖို့ တစ်ခြားသူတွေရဲ့ ခံစားချက်တွေ ကို နားလည်နိုင်အောင် ကြိုးစားခြင်း၊ တစ်ခြားသူတွေရဲ့ ခံစားချက်တွေကို နားထောင်ပေးနိုင်ဖို့ ကြိုးစားခြင်းနဲ့ အချိန်တိုင်းမှာ အကောင်မြင်စိတ်ထားခြင်းတို့ ကို ကြိုးစားလုပ်ဆောင်သင့်ပါတယ်။ 

၂။ မိမိကိုယ်ကိုယ်ကို သတိထားသုံးသပ်ခြင်း - AI ဟာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်ဆိုပေမဲ့  မိမိကိုယ်ကို သတိပြုဆင်ခြင်မိဖို့တော့ မကူညီနိုင်ပါဘူး။ ကျွန်မတို့ရဲ့ အားသာချက်တွေ နဲ့ အားနည်းချက် တွေ ကို အသိအမှတ်ပြု ခြင်း ဟာလည်း ကိုယ်ရေးကိုယ်တာ နှင့် လုပ်ငန်းကျွမ်းကျင်မှု အပိုင်းတွေမှာ တိုးတက်ဖို့၊ ပိုမို ခိုင်မာ တဲ့ ဆက်ဆံရေး တွေ တည်ဆောက်နိုင်ဖို့ ၊ လုပ်ငန်းလုပ်ဆောင်နိုင်စွမ်းတွေ တိုးမြှင့်နိုင်ဖို့နဲ့ ဆုံးဖြတ်ချက်ချ နိုင် စွမ်း တွေ ကို ပြုပြင်မွမ်းမံ နိုင်ဖို့ဆိုတာတွေအတွက် အခြေခံကျလှပါတယ်။ 

၃။ ကျေးဇူးတင်တတ်ခြင်း - ကျေးဇူးတင်တတ်ခြင်းကနေတစ်ဆင့်  အကောင်းမြင်တတ်တဲ့စိတ်ဓာတ်ကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မှာဖြစ်ပြီး စိန်ခေါ်မှုတွေနဲ့ တွေ့ကြုံလာရတဲ့အခါ ကျွန်မတို့ရဲ့  ရှုမြင်သုံးသပ်ချက်တွေကို မှန်ကန်စွာ အသုံးချနိုင်မှာပဲဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အရာတွေအပေါ် အလေးအနက်ကျေးဇူးတင်တတ်အောင် လုပ်ဆောင်ကြပါစို့။

၄။ ဒစ်ဂျစ်တယ်အတက်ပညာတွေကို ကျွမ်းကျင်တတ်မြောက်ခြင်း - ဆန်းသစ်တီထွင်မှုတွေနဲ့ပြည့်နှက်နေတဲ့ ခေတ်ကြီးမှာ ကြိုစားအားထုတ်ခြင်းအတွက် မိမိတို့အနေနဲ့ မည်သည့်နယ်ပယ်တွင်ရှိနေပါစေ soft skill နဲ့အတူ digital နည်းပညာတွေကို ပူးတွဲသိရှိနားလည်နေဖို့လိုပါတယ်။ ကျွန်မတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို မြှင့်တင်နေတဲ့အချိန်မှာပဲ နည်းပညာတိုးတတ်ပြောင်းလဲမှုတွေကို လည်း လိုက်မီနေဖို့လိုပါတယ်။ AI ကို စည်းကမ်းတစ်ကျ အသုံးပြုဖို့ လေ့လာခြင်းနဲ့ တစ်နိုင်တစ်ပိုင် ဗွီဒီယို အတိုများဖန်တီး တီထွင်နိုင်မှုတွေဟာလည်း စူးစမ်းလေ့လာဖို့ကောင်းတဲ့ အချက်တွေလို့ ထင်ပါတယ်။

၅။ အခွင့်အလမ်းအသစ်များ ရှာဖွေခြင်း- ကျွန်မတို့အတွက် သက်သောင့်သက်သာဖြစ်နေတဲ့ Comfort Zone ထဲကနေ ထွက်လာတဲ့အခါ ပိုမိုကြီးမာကျယ်ပြန်တဲ့အရာတွေကို ရှာဖွေတွေ့ရှိလာမှာပါ။ ပုံမှန်တွေးနေကြဖြစ်တဲ့အရာတွေထက် ကျော်လွန်ပြီး စဉ်းစားနိုင်စွမ်းတွေ၊ ပြဿနာ တွေ ကို မတူကွဲပြားတဲ့ပုံစံတွေနဲ့ ဖြေရှင်း နိုင်တဲ့ စွမ်းဆောင်ရည်တွေဟာ သင့်ကို နောက်တစ်ဆင့်သို့ ခေါ်ဆောင်သွားမှာဖြစ်ပြီး အခုလိုလျင်မြန်စွာတိုးတက်ပြောင်းလဲနေတဲ့ အချိန်မှာ အခက်အခဲတွေကိုကျော်လွန်ပြီး ရှေ့ဆုံးမှာဦးဆောင်နေစေမှာပဲဖြစ်ပါတယ်။

 

မိမိကိုယ်ကို တိုးတက်စေဖို့ အစီအစဉ်တွေ စတင်တဲ့အခါမှာ ရရှိထားခဲ့တဲ့ အောင်မြင်မှုတွေနဲ့ အတွေအကြုံကောင်းတွေအပေါ် လက်တွေ့ဆန်တဲ့ ဆန်းစစ်မှုတွေနဲ့ ပြန်လည်လေ့လာသုံးသပ်ဖို့လည်း လိုပါတယ်။  ၂၀၂၅ ခုနှစ်မှာလည်း self-improvement က လူတိုင်းရဲ့  ပန်းတိုင်းတစ်ခုဖြစ်နေဦးမှာဖြစ်ပါတယ်။ အထက်မှာ ပြောခဲ့တဲ့ စိတ်ခံစားချက်စွမ်းရည် တိုးတက်အောင်ပြုလုပ်ခြင်း၊ မိမိကိုယ်ကိုယ်ကို သတိထားသုံးသပ်ခြင်း၊ ကျေးဇူးတင်တတ်ခြင်း၊ စ်ဂျစ်တယ်နည်းပညာနှင့် ပိုမို ရင်းနှီးကျွမ်းဝင်မှုရှိခြင်း နှင့် အခွင့်အလမ်းအသစ်များ ရှာဖွေခြင်းတို့ကို အလေးထားလုပ်ဆောင်သွားမယ်ဆိုရင် self-improvement အတွက် အကူအညီဖြစ်စေမှာပါ။ အမြင့်ဆုံး ပန်းတိုင်‌တွေဆီရောက်ဖို့ အကောင်းဆုံး ပုံစံတွေ နဲ့ နှစ်သစ်ကို ဖြတ်သန်းကြရအောင်။ 

Back to top