We'd like to send you notifications of the latest posts and updates
Article
12 Aug,2025 - Yangon | 3 mins read
Author: ဇာနည်ထွန်း ၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အရာရှိချုပ်
နှစ်စဉ် ဩဂုတ်လ (၁၂) ရက်နေ့မှာ လူငယ်များရဲ့ စွမ်းအားနဲ့ အလားအလာတွေအတွက် ကတိကဝတ်တွေကို ထင်ဟပ်စေတဲ့အခိုက်အတန့်တစ်ခုအဖြစ် “အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့” ကို ကမ္ဘာတစ်ဝှမ်းမှာ ဂုဏ်ပြုကျင်းပလေ့ ရှိပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအဆိုအရ ယနေ့ခေတ်ရဲ့ ၁.၈ ဘီလီယံခန့်ရှိ အသက် ၁၅ နှစ် ကနေ ၂၄ နှစ်ကြား လူငယ်တွေက နည်းပညာဒစ်ဂျစ်တယ်ခေတ်မှာ အသုံးပြုသူတွေအဖြစ် ပါဝင်နေရုံသာမက စီမံဖန်တီးသူတွေပါ ဖြစ်နေကြောင်းသိရပါတယ်။ လူငယ်တွေအနေနဲ့ ဆယ်စုနှစ်တစ်ခုစာ အတွေ့အကြုံတွေ မရှိသေးပေမယ့် သူတို့ရဲ့ ဖန်တီးနိုင်မှု၊ လွှမ်းမိုးနိုင်မှုနဲ့ စွမ်းအားတွေကြောင့် လူငယ်တွေဟာ အနာဂတ်စကားဝိုင်းတွေမှာ မရှိမဖြစ် အရေးပါသူတွေ ဖြစ်လာပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ရဲ့ အထူးပြုအေဂျင်စီတစ်ခုဖြစ်တဲ့ နိုင်ငံတကာ ဆက်သွယ်ရေးသမဂ္ဂရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း Houlin Zhao ကလည်း “အနာဂတ်နဲ့ဆိုင်တဲ့ အဖြေရှာခြင်းတွေမှာ လူငယ်တွေ မဖြစ်မနေ ပါဝင်ရမယ်” လို့ ဖော်ပြခဲ့ဖူးပါတယ်။ လူငယ်တွေရဲ့ အသံကို အသိအမှတ်ပြုပေးခြင်း၊ လူငယ်တွေရဲ့ အတွေးအမြင်တွေကို ထည့်သွင်းစဉ်းစားပေးခြင်းနဲ့ လူငယ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပံ့ပိုးပေးခြင်းတွေက မှန်ကန်တဲ့ လုပ်ရပ်တစ်ခုအနေနဲ့တင်မဟုတ်ဘဲ ပိုမိုပါဝင်သော၊ ရေရှည်တည်တံ့ခိုင်မြဲသော၊ ရှေ့ရေးကိုကြိုတင်တွေးဆသော လူမှုအသိုင်းအဝိုင်းကို တည်ဆောက်တဲ့အခါမှာလည်း မရှိမဖြစ် အရေးပါ ပါတယ်။
ဒစ်ဂျစ်တယ်အနာဂတ်ကို တီထွင်ပုံဖော်ကြသူများ
ဒီနေ့ခေတ် နည်းပညာပိုင်း ကျွမ်းကျင်တဲ့ လူငယ်တွေကို ဒစ်ဂျစ်တယ်ကျွမ်းကျင်သူ (Digital Native) တွေလို့ ခေါ်ကြပြီး ဒီလူငယ်တွေက ဒစ်ဂျစ်တယ်စီးပွားရေးကိုလည်း ဦးဆောင်လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အသုံးပြုသူ ၃၃.၄ သန်းနဲ့အတူ အင်တာနက်သုံးစွဲမှု ၆၁.၆% ရှိပြီး စုစုပေါင်း လူဦးရေရဲ့ ၁၁.၄% ကတော့ အသက် ၁၈ နှစ် မှ ၂၄ နှစ်ကြား လူငယ်တွေပဲ ဖြစ်ပါတယ်။ ဒီလူငယ်မျိုးဆက်က AI နည်းပညာ၊ ဆော့ဖ်ဝဲလ်၊ automation နဲ့ ဒစ်ဂျစ်တယ်ဒီဇိုင်း တို့လို နယ်ပယ်တွေမှာ ဆန်းသစ်တီထွင်ပြောင်းလဲမှုတွေကို ဖန်တီးနေကြသလို အထူးသဖြင့် မိုဘိုင်းလ် နဲ့ ဆက်သွယ်ရေးလုပ်ငန်းလို နေရာတွေမှာလည်း ရေစီးကြောင်းတွေကို အမှီလိုက်နိုင်ပြီး ဒစ်ဂျစ်တယ်မြင်ကွင်းတွေကိုပါ တီထွင်ပုံဖော်နေကြသူများ ဖြစ်ပါတယ်။
အက်တမ်(ATOM)မှ ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်သူများကို မွေးထုတ်
လူငယ်တွေက ဒစ်ဂျစ်တယ် အနာဂတ်အတွက် အဓိကကျပြီးတော့ ကြီးမားတဲ့အိမ်မက်တွေ၊ အကန့်အသတ်မဲ့ စူးစမ်းလိုစိတ်တွေနဲ့ နည်းပညာပိုင်းမှာလည်း ပင်ကိုယ်ကျွမ်းကျင်တဲ့ အရည်အချင်းတွေရှိကြပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေ အရာထင်အောင် လိုအပ်တဲ့ ပညာရပ်တွေ၊ သင်ကြားရေးအထောက်အပံ့တွေနဲ့ အခွင့်အလမ်းတွေ ရရှိနေအောင် လုပ်ဆောင်ပေးဖို့လိုပါတယ်။ ကျွန်တော်တို့အနေနဲ့ လူငယ်တွေကို ဖွံ့ဖြိုးတိုးတက်လာအောင်၊ ဒစ်ဂျစ်တယ် ဗဟုသုတွေတွေနဲ့ အကျွမ်းတဝင်ရှိလာအောင် လုပ်ဆောင်ပေးနေခြင်းက အနာဂတ်ရဲ့ခေါင်းဆောင်တွေ မွေးထုတ်ပေးဖို့ တစ်ခုတည်းအတွက်မဟုတ်ဘဲ ဒီကနေ့ခေတ်ရဲ့ တိုးတက်ပြောင်းလဲမှုကိုဖော်ဆောင်နေကြတဲ့ ဆန်းသစ်တီထွင်သူတွေကို အားပေးမြှင့်တင်ပေးနေတာဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ Talent Accelerator Programme (TAP) အစီအစဉ်၊ ကောင်းမွန်တဲ့ အလုပ်သင် အခွင့်အလမ်းတွေနဲ့ အက်တမ် (ATOM) ရဲ့ ‘Beyond Better’ အစီအစဉ်တွေကတစ်ဆင့် လူငယ်တွေကို အရေးပါတဲ့ဒစ်ဂျစ်တယ်ပညာရပ်တွေ၊ လက်တွေ့လုပ်ငန်းအတွေ့အကြုံတွေနဲ့အတူ ပညာရှင်တွေရဲ့ ကောင်းမွန်တဲ့ သင်ကြားပြသမှုတွေကို ပေးအပ်လျက်ရှိပါတယ်။ ဒီအစီအစဉ်တွေက လက်တွေ့သင်ကြားသင်ယူမှုတွေ တိုးတက်လာစေသလို ပူးပေါင်းဆောင်ရွက်မှုအားကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခုရရှိလာပြီးတော့ အရည်အချင်းရှိတဲ့လူငယ်တွေအနေနဲ့လည်း မြန်မာ့ဒစ်ဂျစ်တယ်အနာဂတ်အတွက် ခေတ်မီဆန်းသစ်ပြီး ရည်ရှည်အကျိူးသက်ရောက်မှုရှိတဲ့ ဖြေရှင်းလုပ်ဆောင်ချက်တွေကို တက်တက်ကြွကြွနဲ့ ပါဝင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ TAP အစီအစဉ်ရဲ့ သင်တန်းသားတစ်ဦးလည်းဖြစ်ပြီး ယခုလက်ရှိ Business Group ရဲ့ Billing & Charging (B2B) မှာ officer တစ်ဦးဖြစ်လာတဲ့ ကိုသန့်ထူးအောင်ကလည်း TAP အစီအစဉ်က တကယ့်လုပ်ငန်းလည်ပတ်မှုတွေနဲ့ ထဲထဲဝင်ဝင် အနီးကပ်ထိတွေ့ခွင့်ရရှိစေပြီးတော့ သူ့အတွက် ပညာရပ်ပိုင်း ကျွမ်းကျင်တတ်မြောက်လာရုံမကဘဲ စိတ်ပိုင်းဆိုင်ရာအရည်အချင်းတွေအထိ တိုးတက်လာစေတယ်လို့ ပြောပါတယ်။ အထူးသဖြင့် ဒီကနေ့ခေတ်ရဲ့ အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ လုပ်ငန်းခွင်မှာ အံဝင်ခွင်ကျဖြစ်ဖို့နဲ့ အမြဲမပြတ် သင်ယူလေ့လာနေဖို့က အရေးကြီးတယ်ဆိုတဲ့အကြောင်း ဝေမျှထားပါသေးတယ်။ ဒါ့အပြင် နောက်ထပ်သင်တန်းသူတစ်ဦးလည်း ဖြစ်သလို ယခုလက်ရှိ ATOM ရဲ့ Fixed Connectivity Operations, Business Group မှာ FTTH Operations Coordinator တစ်ဦးအနေနဲ့ ပါဝင်လုပ်ကိုင်နေတဲ့ မရွှေရည်ဝင်းမြင့်ကလည်း TAP အစီအစဉ်ကတစ်ဆင့် သူမအရင်က အကျွမ်းတဝင်သိပ်မရှိခဲ့တဲ့ နည်းပညာကျွမ်းကျင်မှုပိုင်း နဲ့ လုပ်ငန်းလည်ပတ်မှုပိုင်း တွေကို လေ့လာခွင့်ရခဲ့တယ်လို့ ပြောပါတယ်။ လေ့လာခဲ့သမျှတွေထဲ သူမအတွက် တန်ဖိုးအရှိဆုံး သင်ခန်းစာတစ်ခုကတော့ GPON နည်းပညာနဲ့ FTTH ODN Design ပိုင်းနဲ့ပတ်သက်ပြီး အသေးစိတ်လေ့လာခွင့်ရခဲ့ပြီး လက်တွေ့ပြုလုပ်နိုင်တဲ့ အတွေ့အကြုံတွေ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
‘Beyond Better Future’ အစီအစဉ်ကတစ်ဆင့် ကောလိပ်ကျောင်း ၁၃ ကျောင်းက ကျောင်းသားဦးရေစုစုပေါင်း ၆၅၀ ကျော် ကို ဖိတ်ခေါ်ပြီး တက်လီကွန်းဗဟုသုတွေနဲ့ သူတို့ရဲ့ အတွေးအမြင်တွေက အဓိပ္ပါယ်ရှိတဲ့ အပြောင်းအလဲတွေ ဘယ်လောက်ထိ ဖြစ်ပေါ်လာစေတယ်ဆိုတာ သိရှိနိုင်ဖို့ လက်တွေ့သင်ကြားပြသမှုတွေကို ပေးအပ်ထားရှိပြီးဖြစ်ပါတယ်။ TAP သင်တန်းသားအများစုက ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးလမ်းစဉ်မှာ အရေးကြီးတဲ့ကဏ္ဍအသီးသီးက ပါဝင်ဆောင်ရွက်နေကြပြီ ဖြစ်သလို အချို့ကတော့ အက်တမ် (ATOM) မှာ Full-Time ဝန်ထမ်းတွေအဖြစ် ဂုဏ်ယူစွာနဲ့ ဝင်ရောက်လုပ်ကိုင်နေကြပြီဖြစ်ပါတယ်။ ဒါတွေအားလုံးက လူငယ်တွေကို တိုးတက်မှုနဲ့တီထွင်ဆန်းသစ်မှုကို တန်ဖိုးထားတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုမှာ ကြိုးစားမှုတွေအရာထင်လာစေဖို့ သင်ကြားသင်ယူနိုင်မယ့်အခွင့်အလမ်းတွေ၊ အထောက်အပံ့ကောင်းတွေ နဲ့ ယုံကြည်မှုတွေပေးထားရမယ်ဆိုတဲ့ သာဓကတွေပဲဖြစ်ပါတယ်။
Conclusion
အနာဂတ်ဆိုတာ ရဲရင့်ပြတ်သားပြီး တိုးတက်ပြောင်းလဲမှုကို ဖော်ဆောင်နေတဲ့ လူငယ်တွေရဲ့အသံတွေ၊ သိသာထင်ရှားတဲ့ လုပ်ဆောင်ချက်တွေနဲ့အတူ တိုးတက်ပြောင်းလဲနေပါတယ်။ ကျွန်တော်တို့အတွက် ‘အပြည်ပြည်ဆိုင်ရာလူငယ်များနေ့’က အဓိပ္ပါယ်ရှိတဲ့ အကျိုးသက်ရောက်မှုကောင်းတွေဟာ တစ်ဦးတစ်ယောက်ချင်းဆီကနေစတယ်ဆိုတာ သတိပြုမိစေသလို ဒီအရာတွေကို ဒီကနေ့ခေတ်လူငယ်တွေကလည်း နေ့ရက်တိုင်း သူတို့မှာရှိတဲ့ မျှော်မှန်းချက်တွေ၊ ဦးဆောင်နိုင်စွမ်းတွေနဲ့ သက်သေပြနေပါတယ်။ အက်တမ် (ATOM) အနေနဲ့လည်း အခုလိုဆန်းသစ်တီထွင်မှုရှိတဲ့ လူငယ်တွေနဲ့ အတူတကွလျှောက်လှမ်းခွင့်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူမိသလို ဆက်လက်ပြီးလည်း အခွင့်အလမ်းတွေကတစ်ဆင့် တိုးတက်ပြောင်းလဲမှုတွေရရှိနိုင်မယ့် အထောက်အပံ့ကောင်းတွေ၊ ပလက်ဖောင်းတွေနဲ့ သင်ကြားပြသမှုတွေကို ပေးစွမ်းသွားမှာပါ။ လူငယ်တွေအတွက် တိုးတက်ပြောင်းလဲနိုင်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးလိုက်တဲ့အခါ ကျွန်တော်တို့အားလုံးလည်း အတူတူလိုက်ပါပြီး တိုးတက်ပြောင်းလဲလာနိုင်မှာပဲဖြစ်ပါတယ်။
Sources:
Digital 2025: Myanmar
https://datareportal.com/reports/digital-2025-myanmar
United Nations Sustainable Development Goals
Back to top
Share