We'd like to send you notifications of the latest posts and updates

အက်တမ်စတားတို့အတွက် KBZMS ရဲ့ ကာကွယ်မှု

မတော်တဆမှုတွေက အချိန်မရွေး၊ နေရာမရွေး ဖြစ်ပေါ်နိုင်တာကြောင့် ကိုယ့်အတွက်နဲ့ ကိုယ်ချစ်ခင်ရသူတွေအတွက် ကြိုတင်ကာကွယ်ထားလိုက်ပါ။

 

စက်တင်ဘာ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်အတွင်း ATOM Store App မှာ KBZMS Personal Accident Insurance (သို့) Travel Insurance ဝယ်ယူသူများထဲမှ ၁၅ ဦး ကို ကျပ်သိန်း ၁၀၀ တန်ဖိုးရှိ Personal Accident Insurance မဲဖောက်ပေးသွားမှာဖြစ်ပါတယ်။

 

ATOM Store App ရဲ့ ATOM Insurance မှာ KBZMS အာမခံတွေကို
အခုပဲ၀ယ်ယူလိုက်ပါ https://link.atom.com.mm/SuaY/lifestylesm

 

Don’t miss your chance to get protected and win!

 

ပရိုမိုးရှင်းကာလ - စက်တင်ဘာ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်အတွင်း

 

Terms & Conditions

  • ဤ Lucky Draw  Campaign သည် အက်တမ်စတိုးအပ်မှတဆင့် KBZMS ကိုယ်အင်္ဂါထိခိုက်မှုအာမခံ နှင့် KBZMS ခရီးသွားအာမခံ ၀ယ်ယူသူများအတွက်သာ အကျုံး၀င်ပါသည်။
  • ဤ Lucky Draw  Campaign သည် ကမ်ပိန်းကာလဖြစ်သည့် (၁ ရက်၊ စက်တင်ဘာလ၊ ၂၀၂၆ ခုနှစ်မှ ၃၁ ရက်၊ အောက်တိုဘာလ၊ ၂၀၂၆ ခုနှစ်) တွင်သာ အကျုံးဝင်ပါသည်။
  • ကမ်ပိန်းကာလ အတွင်း အက်တမ်စတိုးအပ်မှတဆင့် KBZMS ကိုယ်အင်္ဂါထိခိုက်မှုအာမခံ နှင့် KBZMS ခရီးသွားအာမခံ ၀ယ်ယူသူများထဲမှ (၁၅)ဦးကို အာမခံထားငွေ ၆လသက်တမ်းဖြင့် ကျပ်သိန်း ၁၀၀ တန်ဖိုးရှိသော ကိုယ်င်္အဂါထိခိုက်မှုအာမခံအကာအကွယ် ကံထူးနိုင်ခွင့်ရှိသည်။
  • ကံထူးခွင့်တွင် အက်တမ် မြန်မာ နှင့် KBZMS မှ ဝန်ထမ်းများ၊ မိတ်ဖက်များနှင့် မိသားစုဝင်များကို ပါဝင်ခွင့် မပြုပါ။ အစီအစဉ်ကျင်းပနေသည့် မည်သည့်အချိန်တွင်မဆို ဤအစီအစဉ်တွင်ပါ ဝင်ခွင့်ရှိသူများအား အက်တမ်မြန်မာ နှင့် KBZMS မှ  ဆုံးဖြတ်နိုင်သည့် အခွင့်အာဏာရှိသည်။  
  • ကံထူးသူ (၁၅)  ဦးအား ၂၀၂၆ ခုနှစ်၊ နို၀င်ဘာလ ဒုတိယအပတ်အတွင်း ကြေငြာပေးသွားပါမည်။
  • တစ်ကြိမ် ကံထူးပြီးသော ကံထူးရှင်အား နောက်အကြိမ်ရွေးချယ်မှုတွင် ပါဝင်မည် မဟုတ်ပါ။
  • အက်တမ် မြန်မာ နှင့် KBZMS  မှ ကံထူးရှင်များကို ကမ်ပိန်းကာလ အစီအစဉ်ပြီးဆုံးချိန်တွင် အက်တမ်နံပါတ်ကိုင်ဆောင်သူများကို ကျပန်းရွေး ချယ်ပေးမည်ဖြစ်ပြီး၊ KBZMS Call Center မှ ဆုရရှိသောကံထူးရှင်များအား ကမ်ပိန်းကာလ အစီအစဉ်ပြီးချိန်မှ စတင်ဆက်သွယ်ပေးမည်ဖြစ်သည်။ KBZMS Call Center သည် ကံထူးရှင်များကို တနေ့တည်းတွင် ဖုန်းခေါ်ဆိုမှု (၃) ကြိမ်အထိ ကြိုးပမ်းခေါ်ဆိုမည် ဖြစ်ပြီး ကံထူးရှင်မှ ဖုန်းပြန်လည် ဖြေဆိုမှုမရှိခြင်း၊ သို့မဟုတ် မကိုင်ခြင်း၊ သို့မဟုတ် ဖုန်းကိုင်သော်လည်း ကံထူးရှင်အတည်ပြုမှုနှင့်စပ်လျဉ်းသည့် သက်ဆိုင်ရာမေးခွန်းများအား ဖြေဆိုမှုမရှိခြင်း သို့မဟုတ် ဖြေဆိုရန် ငြင်းဆိုခြင်းများ ပြုလုပ်ပါက အက်တမ် မြန်မာ နှင့် KBZMS  မှ အခြားကံထူးရှင်များကိုလည်း ပြန်လည်ရွေးချယ်ပိုင်ခွင့်ရှိသည်။
  • ATOM Prepaid (ငွေကြိုဖြည့်) အသုံးပြုသူများအားလုံးသည် အက်တမ်စတိုးအပ်မှတဆင့် ဝယ်ယူမှသာ ဤပရိုမိုရှင်း ကို ရရှိနိုင်ပါသည်။
  • နည်းပညာချို့ယွင်းမှုကြောင့် ဖြစ်ပေါ်လာသည့် အချိန်ကြန့်ကြာခြင်း၊ မကြေညာခြင်း၊ မှားယွင်း တွက်ချက်မှုများ၊ နည်းပညာဆိုင်ရာ ဆော့ဝဲလ်  ဟက်ဝဲလ် ချို့ယွင်းခြင်း၊ ပျက်စီး ဆုံးရှုံးမှုများ (သို့မဟုတ်) ပျက်ကွက်မှုများ၊ နှောင့်နှေးမှုများ၊ မှားယွင်းသောလုပ်ဆောင်ချက်များ၊ အင်တာနက် နက်ဝက် ဆက်သွယ်ချက် (သို့မဟုတ်) မည်သည့်အကြောင်းကြားစာ မှမရရှိခြင်း (သို့မဟုတ်) လွဲမှားစွာ ပေးပို့ခြင်း နှင့် အက်တမ်မြန်မာနှင့် KBZMS မှ ထိန်းချုပ်ရန် မစွမ်းသာသော အခြေအနေများ အစရှိသည်တို့ကြောင့် ဤအစီအစဉ်တွင်ပါဝင်သော ကံထူးရှင်များအပေါ် သက်ရောက်မှု/ ဆုံးရှုံးမှု ကုန်ကျမှုတစုံတရာရှိခဲ့ပါက အဆိုပါ ဆုံးရှုံးမှုများအား အက်တမ်မြန်မာနှင့် KBZMS မှ တာဝန်ရှိသည်ဟု မှတ်ယူ ခြင်းမရှိစေရ။ 
  • ပေးအပ်သွားမည့်ဆုအား ကျပန်းစနစ်ဖြင့် ပေးအပ်သွားမည်ဖြစ်သည်။ အက်တမ်မြန်မာနှင့် KBZMS မှ ယင်းဆုအစား ငွေကြေးအပါအဝင် မည်သည့် ပစ္စည်းများ/ ငွေသား များဖြင့် အစားထိုး ပြောင်းလဲပေးအပ်မည်မဟုတ်ပါ။
  • ကံထူးသူများသည် အက်တမ်မြန်မာနှင့် KBZMS ၏ အမှတ်တံဆိပ်၊ အမှတ်အသား၊ ဂုဏ်သတင်းအား ယုတ်လျော့စေသော အပြောအဆို (သို့မဟုတ်) အရေးအသားများ ပြုလုပ်ခြင်းအားခွင့်မပြုပါ။
  • KBZMS ကိုယ်အင်္ဂါထိခိုက်မှုအာမခံ နှင့် KBZMS ခရီးသွားအာမခံ ဝယ်ယူရာတွင် တင်သွင်းထားသည့် ဝယ်ယူသူ၏ ကိုယ်ရေးအချက်အလက်များ နှင့် စာရွက်စာတမ်း အထောက်အထားများ ATOM Myanmar ဘက်မှ သိရှိခွင့်ရှိမည်မဟုတ်ပါ။ လူကြီးမင်း၏ အချက်အလက်များကို KBZMS General Insurance ဘက်မှ ကောက်ခံခြင်းဖြစ်သဖြင့် KBZMS General Insurance ကသာ သိရှိနိုင်မည်ဖြစ်ပါသည်။
  • KBZMS General Insurance သို့ အာမခံဝယ်ယူရန်အတွက် လျှောက်ထားသူမှမိမိသဘောဆန္ဒအလျာက် ပေးအပ်ထားသော ကိုယ်ရေး ကိုယ်တာအချက်အလက် စာရွက်စာတမ်းများအတွက် ATOM Myanmar တွင်မည်သည့် တာ၀န်မျှ ရှိလိမ့်မည် မဟုတ်ပေ။
  • ဤပရိုမိုးရှင်းတွင်ပါဝင်ခြင်းဆိုသည်မှာ ဆုရရှိသူသည် အက်တမ်မြန်မာနှင့် KBZMS မှ ဆုရရှိသူ (သို့မဟုတ်) ယင်း၏ကိုယ်စားလှယ်၏ အသံ၊ ရုပ်ပုံ၊ ဗီဒီယို၊ ရုပ်ဖမ်းယူမှုတစ်ခုလုံး သို့မဟုတ် အစိတ်အပိုင်းတစ်ခုခု၊ ဆုရရှိသူ၏မိုဘိုင်းနံပါတ်၏နောက်ဆုံးဂဏန်း (၃) လုံးနှင့် ဓာတ်ပုံကို ဆိုရှယ်မီဒီယာနှင့်(သို့) အခြားသောမီဒီယာများတွင် လွှင့်တင်ရန်၊ ထုတ်လွှင့်ခွင့်ကို အက်တမ်မြန်မာနှင့် KBZMS ကို ခွင့်ပြုပေး ရမည်။
  • ကမ်ပိန်းခံစားခွင့်ကိုရယူရန် အက်တမ်သုံးစွဲသူများသည် ATOM Store App နောက်ဆုံးအပ်ဒိတ်ရှိရမည်။
  • ဤအစီအစဉ်နှင့်ပတ်သက်၍ အငြင်းဖွယ်ရာရှိပါက အက်တမ်မြန်မာနှင့် KBZMS ၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်နှင့် အတည်ဖြစ်သည်။ အက်တမ်မြန်မာနှင့် KBZMS မှ မည်သည့်အချိန်မဆို ဤစည်းမျဉ်းစည်းကမ်းများနှင့်မညီသည့် မည်သည့် သုံးစွဲသူကိုမဆို ပါဝင်ရန် ငြင်းပယ်ခွင့် ရှိသည်။
  • ဤစည်းမျဉ်း စည်းကမ်းများသည် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာရှိရာ၎င်းတို့ နှစ်ခုကြားကွဲလွဲမှုရှိပါက  အင်္ဂလိပ်ဘာသာသည်သာ အတည်ဖြစ်စေရမည်။

Frequently Asked Questions:

အက်တမ်စတိုးအပ်မှတဆင့် KBZMS ကိုယ်အင်္ဂါထိခိုက်မှုအာမခံ နှင့် KBZMS ခရီးသွားအာမခံ ၀ယ်ယူသူများအတွက်သာ အကျုံး၀င်ပါသည်။

KBZMS ခရီးသွားအာမခံအတွက် အသက် ၃၀ ရက် မှ ၇၀ နှစ်အတွင်း ခရီးသွားသူများ (နိုင်ငံခြားသားများအပါအဝင်)၊ ဧည့်သည်များ အတွက်လည်း ဖြစ်ပြီး လေယာဉ်၊ စက်ယန္တရား၊ ပုဂ္ဂလိကယာဉ်၊ ငှားထားသောယာဉ်ဖြင့် ပြည်တွင်းသို့/ပြည်ပသို့ ခရီးသွားသူများနှင့် အများပြည်သူသယ်ယူပို့ဆောင်ရေး မောင်းသူများအားလုံးအပါအဝင် ဖြစ်ပါသည်။

KBZMS ကိုယ်အင်္ဂါထိခိုက်မှုအာမခံ အတွက် အသက် ၁၆ နှစ်မှ ၆၅ နှစ်အတွင်း ကျန်းမာရေးကောင်းမွန်သူများအတွက်သာ ဖြစ်သည်။ အသက် ၁၈ နှစ်မပြည့်သေးသူများအတွက် မိဘ (သို့မဟုတ်) အုပ်ထိန်းသူ၏ သဘောတူညီချက်ဖြင့် ဝယ်ယူနိုင်ပါသည်။

ပရိုမိုးရှင်းကာလမှာ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁ ရက်မှ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၃၁ ရက်အထိ ဖြစ်ပြီး ပရိုမိုးရှင်းကာလပြီးဆုံးသည့် နောက်ပိုင်းတွင် ATOM Store App မှ KBZMS General Insurance ၀ယ်ယူသူများထဲက (၁၅)ဦးကို အာမခံထားငွေ ကျပ်သိန်း ၁၀၀ အကာအကွယ်ဖြင့် ၆လသက်တမ်းရှိသော ကိုယ်အင်္ဂါထိခိုက်မှုအာမခံအကာအကွယ်ကို မဲဖောက်ပေးမည်ဖြစ်ပါသည်။

KBZMS ကိုယ်အင်္ဂါထိခိုက်မှုအာမခံသည် မတော်တဆထိခိုက်မှုများကြောင့် သေဆုံးခြင်း၊ မစွမ်းမသန်ဖြစ်ခြင်း၊ ကိုယ်အင်္ဂါထိခိုက်ဒဏ်ရာရခြင်း၊ ဆေးရုံတက်ရခြင်းနှင့် အလုပ်မလုပ်ကိုင်နိုင်ခြင်းစသည့် မမျှော်လင့်ထားသောဆုံးရှုံးမှုများမှ အကာအကွယ်ပေးသော အာမခံအမျိုးအစားဖြစ်ပါသည်။

KBZMS ခရီးသွားအာမခံသည် မတော်တဆမှုကြောင့်သေဆုံးခြင်း နှင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ ဆေးကုသမှုကုန်ကျစရိတ်များ၊ ရုပ်ကြွင်းပြန်လည်သယ်ယူခြင်းများနှင့် အပိုအကာအကွယ်များအတွက် ကူးစက်မြန်ရောဂါအပိုအကာအကွယ် (COVID-19 အပါအဝင်)၊ ခရီးဆောင်အိတ်နှောင့်နှေးကြန့်ကြာခြင်း၊ ခရီးဆောင်အိတ်ပျောက်ဆုံးခြင်း/ပျက်စီးခြင်း၊ လေယာဉ်ချိန်နှောင့်နှေးကြန့်ကြာခြင်း၊ ခရီးစဉ်ဖျက်သိမ်းခြင်း၊ ကိုယ်တိုင်ပေးလျော်ရန်တာဝန်ရှိမှု များအတွက် မမျှော်မှန်းနိုင်သော ကုန်ကျစရိတ်များအတွက် အကာအကွယ်ပေးပါသည်။

ပိုမိုသိရှိလိုပါက https://www.atom.com.mm/my/personal/kbzms အက်တမ် ၀က်ဘ်ဆိုက်ရဲ့ ATOM Insurance with KBZMS စာမျက်နှာတွင်အသေးစိတ်ကြည့်ရှုလေ့လာနိုင်ပါတယ်။

135

Back to top