We'd like to send you notifications of the latest posts and updates
Press Release
29 Feb,2024 - Yangon | 7 mins read
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့ - ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့ ပိတ်ရက်အချိန်အခါသမယတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏ မိုးလုံလေလုံ အမျိုးသားအားကစားပြိုင်ပွဲရုံ၌ မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည့် အက်တမ် (ATOM) မှ ဦးစီးပြီး စီစဉ်ကျင်းပခဲ့သော မြန်မာနိုင်ငံ၏ အကြီးဆုံးဂိမ်းပွဲတော်ကြီးတစ်ခုဖြစ်သည့် Let's Play Arena Carnival ပွဲတော်မှ ပေးအပ်သော ဂိမ်းအတွေ့အကြုံအခိုက်အတန့်များကို ရယူခံစားနိုင်ရန်အတွက် ဂိမ်းချစ်သူဝါသနာရှင်ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြသည်။ All-Stars Arena ပြိုင်ပွဲများ၊ Mobile Legends- Bang Bang cosplay ပြမည့်နေရာများမှအစ၊ အမှတ်တရဓာတ်ပုံရိုက်ခြင်း နှင့် ဂိမ်းဆော့ကစားနိုင်သည့် Booths နေရာများအထိ ပွဲသို့လာရောက်ကြသူများ တခဲနက် တက်ကြွစွာဝင်ဆင်နွှဲခဲ့မှုကြောင့် ပြိုင်ဆိုင်မှုအရှိန်အဟုန်၊ အချင်းချင်း ချစ်ခင်ရင်းနှီးမှုအငွေ့အသက်အပြည့်ဖြင့် ဂိမ်းပွဲတော်ကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။
Let’s Play Arena 2.0 ကို မိတ်ဆက်လိုက်ခြင်း
ယခုဂိမ်းပွဲတော်ကြီးသည် သမားရိုးကျ ဂိမ်းပလက်ဖောင်းများ၏လုပ်ဆောင်ချက်များနှင့်မတူ၊ ပိုမိုသာလွန်ကောင်းမွန်ပြီး အဆင့်မြှင့်တင်ထားသည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော Let's Play Arena 2.0 ဗားရှင်းအသစ်ကို မိတ်ဆက်သည့်အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ အက်တမ် (ATOM) သည် နိုင်ငံတစ်ဝှမ်းမှ ဂိမ်းချစ်သူဝါသနာရှင်များအတွက် ပေါ့ပေါ့ပါးပါး ကစားနိုင်မည့် ဂိမ်းပေါင်းမျိုးစုံ၊ စိတ်ဝင်စားဖွယ်ကောင်းသည့် ဂိမ်းပြိုင်ပွဲများ အစရှိသည့် ပြိုင်ဘက်ကင်း ဂိမ်းအတွေ့အကြုံကောင်းများအပြင် ဂိမ်းအတွင်း ဝယ်ယူမှုများအတွက် ရွေးချယ်စရာများစွာကို တစ်နေရာထဲတွင် စုစည်းထားသည့် အွန်လိုင်းဂိမ်းပေါ်တယ်တစ်ခုဖြစ်သော Let's Play Arena ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် စတင်မိတ်ဆက်ခဲ့ပါသည်။
Let's Play Arena 2.0 (https://arena.atom.com.mm/my) တွင် ဂိမ်းပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လွယ်ကူမြန်ဆန်စွာ စာရင်းပေးသွင်းနိုင်ခြင်း၊ အလိုအလျောက် အဖွဲ့အတည်ပြုနိုင်ခြင်း၊ ဂိမ်းကစားသူ၏ စွမ်းဆောင်ရည်ပေါ် မူတည်ပြီး ရမှတ်အဆင့်ခွဲသည့်စနစ် (Ranking Points) ကဲ့သို့သော ဂိမ်းနှင့်ပတ်သက်သည့် လုပ်ဆောင်ချက်အသစ်များ ပါဝင်လာသည့်အပြင် ယခုအခါတွင် အပျော်တမ်းဂိမ်းဝါသနာရှင်များသာမက ပရော်ဖက်ရှင်နယ်ဂိမ်းကစားသူများအတွက် Daily Speed Run နှင့် League of Champions ကဲ့သို့သော ဂိမ်းပြိုင်ပွဲများကို ယခင်ကထက် အကြိမ်ရေတိုး၍ စီစဉ်ပေးထားပါသည်။ ထို့အပြင် စိတ်ပြေလက်ပျောက် အလွယ်တကူဂိမ်းကစားနိုင်ရန်အတွက်လည်း 'ပေါ့ပေါ့ပါးပါး' ဂိမ်းပေါင်းများစွာစုစည်းထားရှိပြီး ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းသော ဆုလက်ဆောင်အစီအစဉ်များအပြင် ဂိမ်းကစားသူများ နားလည်ရလွယ်ကူသော အတွေ့အကြုံတွေရရှိစေရန်အတွက် အဆင့်မြှင့်တင်ထားပါသည်။
Let's Play Arena 2.0 တွင် ဂိမ်းအတွင်း ဝယ်ယူမှုများအတွက် အဆင်ပြေဆုံးနှင့် အလုံခြုံဆုံးသော အွန်လိုင်းစတိုးတစ်ခုဖြစ်ရန်အတွက် အကောင်းဆုံးပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ ကံစမ်းမဲအစီအစဉ်များ၊ အထူးလျှော့ဈေးများ၊ လျှော့စျေးကူပွန်ကုဒ်များပါဝင်သည့် Let's Play Arena Shop Festival ကိုလည်း ပုံမှန်ကျင်းပသွားမည်ဖြစ်သည်။ ဂိမ်းချစ်သူဝါသနာရှင်များအနေဖြင့် ဂိမ်းအတွင်း ရမှတ်များပိုမိုရရှိနိုင်ရန်နှင့် 'စိတ်ကြိုက်ရှယ်ဆော့' ကဲ့သို့သော အကန့်အသတ်မရှိ ဂိမ်းဒေတာများကို ပေးအပ်သွားမည့် ဒေတာပက်ကေ့ချ်များ ရရှိနိုင်သည့် 'Treasure Box' ကဲ့သို့သော အထူးသီးသန့်ဆုများကိုလည်း Let’s Play Arena 2.0 က မိတ်ဆက်ပေးထားပါသေးသည်။
အံ့ဩဖွယ်ရာဂိမ်းအတွေ့အကြုံများနှင့် Let’s Play Arena Carnival ဂိမ်းပွဲတော်ကြီး
ပွဲသို့လာရောက်သူများအတွက် ရင်သက်ရှုမော စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ဂိမ်းအတွေ့အကြုံများအပြင် 3D နှင့် cosplay ဇာတ်ကောင်များနှင့် အမှတ်တရဓာတ်ပုံအတူတွဲရိုက်နိုင်မည့် နေရာများ၊ ဒစ်ဂျစ်တယ်နှင့် Arcade ဂိမ်းများ၊ VR Zone နှင့် မုန့်ဈေးတန်းများပါရှိသည့် Let's Play Arena 2.0 အွန်လိုင်းဂိမ်းထဲမှအတိုင်း ပုံစံတူပေးစွမ်းနိုင်မည့် Let’s Play Arena ဂိမ်းပွဲတော်ကြီးကျင်းပနိုင်ရန်အတွက် အက်တမ် (ATOM) က သုဝဏ္ဏ မိုးလုံလေလုံ အမျိုးသားအားကစားပြိုင်ပွဲရုံကြီးကို ဂိမ်းချစ်သူဝါသနာရှင်များ၏ စိတ်ကူးယဉ်ကမ္ဘာကြီးတစ်ခုအဖြစ် ပြောင်းလဲခဲ့ပါသည်။
အက်တမ် (ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Muhammad Ziaullah Siddiqui က "Let's Play Arena ဂိမ်းပွဲတော်ကြီးတစ်ခုလုံးကတော့ ရင်ခုန်စိတ်လှုပ်ရှားစရာအပြည့်နဲ့ ပျော်ဖို့ကောင်းခဲ့ပါတယ်။ အသက်အရွယ်ပေါင်းစုံက ထောင်ပေါင်းများစွာသော ဂိမ်းချစ်သူဝါသနာအိုးတွေ ဒီပွဲတော်မှာ အချင်းချင်းအားပေးကြ၊ ဂိမ်းပြိုင်ဆော့ကြရင်းနဲ့ တစ်ယောက်နဲ့ တစ်ယောက် ခင်သွားကြတာကို မြင်ရတဲ့အပြင် Esports ရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ ပြကွက်တွေကို အကုန်လုံးအတူတကွ ခံစားခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ အက်တမ် (ATOM) က ဒစ်ဂျစ်တယ် ဂေဟစနစ်ကြီး တိုးတက်ဖွံ့ဖြိုးလာဖို့အတွက် အမြဲ ဦးစားပေးလုပ်ဆောင်နေလျက်ရှိပြီး ဂိမ်းဝါသနာရှင်တွေကို ဒစ်ဂျစ်တယ် လောကအနာဂတ်သစ်တစ်ခုဆီ ကျွန်တော်တို့နဲ့အတူတကွ လျှောက်လှမ်းကြဖို့အတွက် Let's Play Arena 2.0 ကို ယူဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီပလက်ဖောင်းကနေတစ်ဆင့် ဂိမ်းကစားဖို့၊ အချင်းချင်းဆက်သွယ်မိဖို့နဲ့ အားလုံးရဲ့ ဂိမ်းဆော့ရတဲ့အတွေ့အကြုံကို ပိုပြီးကောင်းမွန်ဖို့အတွက် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ မြန်မာ့ Esports အခန်းကဏ္ဍရဲ့ ရှေ့ဆက်မယ့် အနာဂတ်ခရီးလမ်းမှာ အောင်မြင်မှုများက စောင့်ကြိုနေလျက်ရှိပြီး အခုလို တိုးတက်မှုအလားအလာကောင်းတွေအများကြီးရှိတဲ့ မြန်မာ Esports လောကကို ပုံဖော်တဲ့နေရာမှာ တစ်ထောင့်တစ်နေရာကနေ ရှေ့ဆောင်လမ်းပြအနေနဲ့ ပါဝင်ခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားဂုဏ်ယူမိနေပါပြီ" ဟု ပြောကြားခဲ့ပါသည်။
Mobile Legends: Bang Bang ပြိုင်ပွဲကဲ့သို့သော ဂိမ်းပြိုင်ပွဲပေါင်းများစွာအတွက် မြန်မာငွေကျပ်သိန်းပေါင်း ၅၀၀ (ကိန်းဂဏန်းအားဖြင့် မြန်မာငွေကျပ် ၅၀,၀၀၀,၀၀၀) ကျော်တန်ဖိုးရှိသည့် ဆုကြေးငွေများကိုလည်း ပေးအပ်ခဲ့ပါသည်။ ပြိုင်ပွဲနောက်ဆုံးအဆင့် ဗိုလ်လုပွဲတွင် Mythic SEAL နှင့် AI Esports ထိပ်တိုက်တွေ့ဆုံယှဉ်ပြိုင်ခဲ့ရာ Mythic SEAL က အနိုင်ရရှိခဲ့ပြီး ဆုကြေးငွေ မြန်မာငွေ ကျပ်သိန်း ၁၅၀ (ကိန်းဂဏန်းအားဖြင့် မြန်မာငွေကျပ် ၁၅,၀၀၀,၀၀၀) ကို ဆွတ်ခူးရရှိခဲ့ပါသည်။ ထို့အပြင် စိတ်လှုပ်ရှားစရာ ဂိမ်းပြိုင်ပွဲများကို တိုက်ရိုက် ကြည့်ရှုနိုင်ခြင်း၊ ပြည်တွင်းထိပ်တန်း နာမည်ကြီး Esports အဖွဲ့များနှင့် တွေ့ဆုံပြီး မိတ်ဆက်ခြင်းများ ပြုလုပ်နိုင်သည့်အပြင် အားလုံးအကြိုက်တွေ့စေမည့် တေးသီချင်းဖျော်ဖြေမှုများနှင့် နိုင်ငံခြားကာတွန်းဇာတ်ကောင်များ၏ ပုံစံတူ ဝတ်စားဆင်ယင်မှု (cosplay) ပြိုင်ပွဲများလည်း ပါဝင်ခဲ့သည်။
“အခုလိုမျိုး ကျွန်တော်တို့ရဲ့ Let's Play Arena ပွဲတော်ကြီးကို ဂိမ်းချစ်သူအသိုင်းအဝန်းက ကြိုက်နှစ်သက်ကြတဲ့အတွက် ကျွန်တော်တို့ အက်တမ် (ATOM) အဖွဲ့သားများအားလုံး ဝမ်းသာပီတိဖြစ်မိပါတယ်။ အခုလိုမျိုး ဒီဂိမ်းပွဲတော်ကို ဖြစ်မြောက်အောင် ကူညီပေးခဲ့ကြတဲ့ ပါတနာများ၊ ပါဝင်ပေးခဲ့ကြတဲ့ Esports အဖွဲအစည်းများနဲ့ ပါဝင်ဆင်နွှဲခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ကျွန်တော်တို့ အက်တမ် (ATOM) က ပြောကြားလိုပါတယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ လုပ်ဆောင်ချက်အသစ်သစ်တွေပါဝင်တဲ့ Let's Play Arena 2.0 ဂိမ်းပေါ်တယ်ကို စမ်းပြီး လေ့လာကြည့်ဖို့ ဂိမ်းကို ဆရာကျကျဆော့နေသူတွေရော၊ အပျော်တမ်းဂိမ်းဝါသနာရှင်တွေအကုန်လုံးကိုပါ ဒီကနေ ကျွန်တော် ဖိတ်ခေါ်လိုက်ရပါတယ်။ ကျွန်တော်တို့ရဲ့ ချမှတ်ထားတဲ့ "Beyond Better" ဆိုတဲ့ ကတိကဝတ်နဲ့အညီ နိုင်ငံအတွင်းမှာရှိတဲ့ Esports အခန်းကဏ္ဍကိုမြှင့်တင်ပေးဖို့ကို ကျွန်တော်တို့ အက်တမ် (ATOM) ကရည်ရွယ်ထားတာကြောင့် ပိုမိုကောင်းမွန်တဲ့ ဂိမ်းအတွေ့အကြုံတွေအတွက် အသင့်ပြင်ထားလိုက်ပါ!" ဟု အက်တမ် (ATOM) ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အမှုဆောင်အရာရှိချုပ် Ahmad Abdallah ကပြောကြားခဲ့သည်။
အက်တမ် (ATOM) က မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ် (Myanmar Esports Federation) နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်လျက်ရှိ
Let's Play Arena Carnival ဂိမ်းပွဲတော်ကြီး ဖြစ်မြောက်အောင်မြင်ရေးအတွက် မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ် (Myanmar Esports Federation - MESF) မှလည်း ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ပါသည်။ ယခုနှစ်ပိုင်းကာလများတွင် အက်တမ် (ATOM) သည် နိုင်ငံတွင်း Esports လောကတိုးတက်လာစေရန် ရည်ရွယ်၍ MESF နှင့် ပူးပေါင်းပြီး ပြိုင်ပွဲများကျင်းပပေးခြင်း၊ ပြည်တွင်းမှ Esports ကစားသမားများကို ကူညီပံ့ပိုးမှုများပေးခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ရှေ့လျှောက်တွင်လည်း အက်တမ် (ATOM) သည် MESF နှင့် အတူလက်တွဲပြီး နိုင်ငံတွင်း Esports ဝါသနာရှင်လူငယ်များ အောင်မြင်မှုအသီးအပွင့်များရရှိခံစားစေရန်အတွက် ပြိုင်ပွဲများအား ပုံမှန်ကျင်းပပေးခြင်းဖြင့် တိုးတက်မှုအခွင့်အလမ်းများပေးအပ်ခြင်း၊ မြန်မာနိုင်ငံရှိ Esports အသိုက်အဝန်း ပိုမိုတိုးတက်အောင်မြင်လာစေရန်အတွက် ထောက်ပံ့ကူညီမှုများပေးခြင်းနှင့် မြန်မာပြည်သူပြည်သားများထံသို့ ဆန်းသစ်သောဂိမ်းအတွေ့အကြုံများ ပိုမိုပေးအပ်ခြင်း စသည်တို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
MESF ၏ ဥက္ကဋ္ဌဖြစ်သူ ဦးကောင်းထက်စံက "အခု Let's Play Arena Carnival ဂိမ်းပွဲတော်ကြီးမှာ အက်တမ် (ATOM) ကို မြန်မာ့ Esports လောကတိုးတက်ဖို့အတွက် သူတို့ရဲ့ အဖိုးမဖြတ်နိုင်တဲ့ ထောက်ပံ့ကူညီမှုတွေနဲ့ပတ်သက်ပြီး အသိအမှတ်ပြုတဲ့အနေနဲ့ ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်ခဲ့ပါတယ်။ မြန်မာ့ Esports လောကဟာ အခုဆိုရင် တော်တော်လေးထွန်းပေါက်အောင်မြင်လာပြီဖြစ်ပြီး ကျွန်တော်တို့ရဲ့ ပြည်တွင်းက ဂိမ်းဝါသနာရှင်တွေဆိုရင် SEA Games တို့၊ Asian Game တို့လိုမျိုး နိုင်ငံတကာစင်မြင့်ထက်က ပြိုင်ပွဲတွေမှာ သူတို့ရဲ့ အရည်အချင်းတွေကို ထုတ်ပြလာနိုင်နေပါပြီ။ အက်တမ် (ATOM) ရဲ့ ဂိမ်းနဲ့ပတ်သက်တဲ့ စနစ်မှာဆိုရင်လည်း ကျွန်တော်တို့ရဲ့ ကစားသမားတွေ ကောင်းကောင်းဂိမ်းကစားနိုင်ဖို့ လိုအပ်တဲ့လုပ်ဆောင်ချက်တွေ၊ အခွင့်အလမ်းတွေအားလုံးကို ဖြည့်ဆည်းပေးထားပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့ ဂိမ်းအသိုင်းအဝန်းနဲ့ မြန်မာ့ Esports လောကရဲ့ အနာဂတ်ကိုပုံဖော်တဲ့နေရာမှာ တစ်ထောင့်တစ်နေရာကနေ အမြဲကူညီပေးလျက်ရှိတဲ့ အက်တမ် (ATOM) ရဲ့စိတ်အားထက်သန်မှုနဲ့ပတ်သက်ပြီး အခုလိုဂုဏ်ပြုခွင့်ရတဲ့အတွက် ကျွန်တော်အနေနဲ့ ဝမ်းမြောက်ပီတိဖြစ်မိပါတယ်" ဟု ပြောကြားခဲ့သည်။
Let’s Play Arena Carnival ဂိမ်းပွဲတော်ကြီးတွင် ပါဝင်ကူညီအားဖြည့်ပေးခဲ့ကြသည့် ပွဲပါတနာများ
Grab Myanmar သည် Let's Play Arena ဂိမ်းပွဲတော်ကြီးအတွက် "Official Transport & Food Partner" အဖြစ် ပါဝင်ကူညီအားဖြည့်ခဲ့ပြီး ပွဲလာရောက်ကြသူများ ပွဲကျင်းပရာနေရာသို့ အသွား၊ အပြန် လွယ်ကူအဆင်ပြေစေရန်အတွက် GrabTaxi ကို အထူးလျှော့ဈေးများပေးခဲ့သည့်အပြင် Seoul Chicken၊ K-Bibimbap၊ Mala Wok၊ Toki Toki၊ Potato Corner ကဲ့သို့သော GrabFood နှင့် ချိတ်ထားသည့် ဆိုင်ပေါင်း (၂၀) မှ အစားအသောက်ဝယ်ယူသည့်အခါတွင်လည်း လျှော့ဈေးများ ပေးအပ်ခဲ့သည်။
TECNO Mobile ကလည်း "Device Partner" အဖြစ် ဂိမ်းပွဲတော်ကြီးတွင် ပါဝင်ခဲ့သည်။ "အခုလိုမျိုး အက်တမ် (ATOM) နဲ့အတူပူးပေါင်းပြီး ဂိမ်းဆော့တဲ့နေရာ စွမ်းဆောင်ရည်မြင့်မားတဲ့ ကျွန်တော်တို့ရဲ့ TECNO ဖုန်းတွေကို Let's Play Arena Carnival ဂိမ်းပွဲတော်ကြီးမှာ ပါဝင်ပြသခွင့်ရတာက ကျွန်တော်တို့အတွက် သိပ်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။ ဒီနှစ်ရက်တာကျင်းပတဲ့ ပွဲအတွင်းမှာ TECNO ဖုန်းဝယ်ယူအားပေးတဲ့ customer တွေကို အက်တမ် (ATOM) ဖုန်းဘေလ်ဝယ်ယူမှုအတွက် (၂၀) ရာခိုင်နှုန်းလျှော့ဈေးတွေလည်း ပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ TECNO က မြန်မာနိုင်ငံရဲ့ ဘယ်နေရာကမဆို ဝယ်ယူအားပေးကြတဲ့ အက်တမ် (ATOM) အသုံးပြုသူ customer များအတွက် ရက် (၃၀) စာ အကန့်အသတ်မရှိ အသုံးပြုနိုင်တဲ့ ဂိမ်းဒေတာပက်ကေ့ချ်ကိုလည်း လက်ဆောင်ပေးသွားဦးမှာပါ" ဟု TECNO Mobile ၏ မြန်မာနိုင်ငံကိုယ်စားပြု အထွေထွေမန်နေဂျာ Mr Asheng ကပြောကြားခဲ့သည်။
ပွဲသို့လာရောက်ကြသူများ အမောပြေလန်းဆန်းပြီး အားအင်အပြည့်ဖြစ်နေစေရန်အတွက် အားဖြည့်အချိုရည်များကို ကူညီပံ့ပိုးပေးသည့် Royal-D ကလည်း "Recharging Partner" အဖြစ် Let's Play Arena Carnival ပွဲတော်တွင် ပါဝင်အားဖြည့်ခဲ့သည်။ Let's Play Arena Carnival ဂိမ်းပွဲတော်ကြီးအတွင်း ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းပြီး ပျော်ရွှင်မှုအငွေ့အသက်များ ထပ်လောင်းပေးအပ်နိုင်ရန်အတွက် Alibaba Amusement က “Official Arcade Partner” အဖြစ် ပွဲသို့လာရောက်ကြသူတိုင်း ဆော့ကစားချင်အောင် ဆွဲဆောင်နေသည့် arcade ဂိမ်းများကို ပံ့ပိုးထားရှိ ပေးထားသည်။
ဂိမ်းကစားခြင်း၊ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့် မိမိနှင့် အဆင်ပြေကိုက်ညီမည့် အက်တမ် (ATOM) ဒေတာပက်ကေ့ချ်များကို ဝယ်ယူခြင်းများအပါအဝင် Let’s Play Arena 2.0 နှင့်ပတ်သက်၍ အသေးစိတ်ထပ်မံသိရှိလိုပါက https://arena.atom.com.mm/my တွင် သွားရောက်လေ့လာနိုင်ပါသည်။
- ပြီး -
အက်တမ် (ATOM) အကြောင်း
အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည် လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်းသက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက www.atom.com.mm သို့မဟုတ် Facebook နှင့် LinkedIn စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။
မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ် (Myanmar Electronic Sports Federation - MESF) အကြောင်း
မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားနယ်ပယ်ကဏ္ဍ ပိုမိုတိုးတက်လာစေရန်အတွက်ရည်ရွယ်ပြီး မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ်ကို ၂၀၁၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ MESF သည် မြန်မာနိုင်ငံတွင်း အရည်အချင်းပြည့်ဝသော ကျွမ်းကျင်ကစားသမားအဖွဲ့များအတွက် တရားဝင် Esports ပြိုင်ပွဲများကျင်းပပေးခြင်း၊ နိုင်ငံတကာပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ နိုင်ငံတကာ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ် (IESF) နှင့် အာရှအီလက်ထရောနစ် အားကစားအဖွဲ့ချုပ် (AESF) တို့တွင် တရားဝင် အဖွဲ့ဝင်ဖြစ်လာပြီးနောက် MESF သည် တစ်နှစ်ထက်တစ်နှစ် မြန်မာနိုင်ငံတွင် Esports လောက ပိုမိုတိုးတက်လာစေရန် ဆောင်ရွက်ပေးလျက်ရှိပြီး နှစ်စဉ်နှစ်တိုင်း ကြီးကျယ်ခမ်းနားသော အားကစားပြိုင်ပွဲများကိုလည်း စီစဉ်ကျင်းပပေးလျက်ရှိပါသည်။ အဆိုပါပြိုင်ပွဲများတွင် မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားပြိုင်ပွဲ (MESL)၊ မြန်မာနိုင်ငံတွင် အကြီးမားဆုံး အားကစားပြိုင်ပွဲဖြစ်သော SEA Games 2019 နှင့် SEA Games 2021 အစရှိသော မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော Esports ပြိုင်ပွဲများအပြင် IESF နှင့် AESF တို့မှ စီစဉ်ကျင်းပသော အခြားသော Esportsပြိုင်ပွဲများလည်း အပါအဝင်ဖြစ်သည်။ MESF မှ Esports နှင့် Esports ကစားသမားများအတွက် ပိုမိုတောက်ပသော အနာဂတ်သစ်ကို ဆက်လက်ဖော်ဆောင်ပေးသွားမည်ဖြစ်သည်။ www.me-sf.org
သတင်းမီဒီယာများအနေဖြင့် ထပ်မံ သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် - communications@atom.com.mm ၊ atom@chilli.agency
Back to top
Share