We'd like to send you notifications of the latest posts and updates

Statement

ငွေကြေးဆိုင်ရာလိမ်လည်မှုနှင့် လိမ်လည်မှုဆိုင်ရာ သတိပြုဆင်ခြင်နိုင်ရန် အသိပေးဖော်ပြချက်

08 Dec,2023 - Yangon | 0 mins read

ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဝေမျှခြင်းမပြုရန် အသုံးပြုသူ customer များအား အကြံပြုအသိပေးချက်

 

အက်တမ် (ATOM) အသုံးပြုသူ customer များထံမှ ကိုယ်ရေးကိုယ်တာအချက်အလက် သို့မဟုတ် ငွေကြေးပိုင်းဆိုင်ရာအသေးစိတ်အချက်အလက်များကို လိမ်လည်လှည့်ဖြားပြီး လိုက်လံတောင်းယူနေသည့် ကိစ္စရပ်များ ဖြစ်ပေါ်နေကြောင်းကို  အက်တမ် (ATOM) အနေဖြင့် သတိပြုမိပါသည်။ အက်တမ် (ATOM) အနေဖြင့် အသုံးပြုသူ customer များကို ငွေလွှဲခိုင်းခြင်း၊ အသုံးပြုသူ customer များ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များဖြစ်သည့် သက်ဆိုင်ရာ အသေးစိတ်အချက်အလက်များ၊  အကောင့်စကားဝှက်များ အပါအဝင် ဘဏ် သို့မဟုတ် မိုဘိုင်းပိုက်ဆံအိတ်အကောင့်ဆိုင်ရာ အသေးစိတ်အချက်အလက်များကို အက်တမ် (ATOM) စတိုးအက်ပ်၊ ဖုန်းခေါ်ဆိုမှု၊ မက်ဆေ့ဂျ်စာတိုများ၊ အီးမေးလ်များမှတစ်ဆင့် သို့မဟုတ် အိမ်တိုင်ရာရောက် မေးမြန်းတောင်းခံခြင်းများကို ပြုလုပ်မည်မဟုတ်ပါ။

 

အက်တမ် (ATOM) အနေဖြင့် ဖုန်းခေါ်ဆိုမှု၊ မက်ဆေ့ဂျ်စာတိုများ၊ အီးမေးလ်များ သို့မဟုတ် အိမ်တိုင်ရာရောက်နည်းလမ်းများဖြင့် အသုံးပြုသူ customer များကို ငွေလွှဲခိုင်းခြင်းနှင့် ကိုယ်ရေးကိုယ်တာ သို့မဟုတ် ငွေကြေးပိုင်းဆိုင်ရာအချက်အလက်များကို မေးမြန်းတောင်းခံခြင်းများပြုလုပ်လာပါက မည်သည့်သတင်းအချက်အလက်ကိုမဆို ဝေမျှခြင်းမပြုပါနှင့်။ ယင်းအစား မိမိ၏ အက်တမ် (ATOM) မိုဘိုင်းဖုန်းနံပါတ်မှတစ်ဆင့် 979 သို့မဟုတ် အက်တမ် (ATOM) မဟုတ်သော အခြားဖုန်းနံပါတ်မှတစ်ဆင့် ၀၉ ၇၉၀ ၀၉၇ ၉၀၀ ကို နေ့စဉ် မနက် ၇ နာရီမှ ည ၁၁ နာရီအတွင်းခေါ်ဆိုပြီး အက်တမ် (ATOM) ၏ Customer Care သို့ တိုက်ရိုက်အသိပေးအကြောင်းကြားနိုင်ပါသည်။ အက်တမ် (ATOM) ၏ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုပေးသော ချန်နယ်ပလက်ဖောင်းများဖြစ်သည့် အက်တမ် (ATOM) Viber - https://bit.ly/ATOM-ViberChatMM သို့မဟုတ် အက်တမ် (ATOM) Facebook Messenger - https://bit.ly/ATOM-Messenger  တို့တွင်လည်း ၂၄ နာရီ၊ ပိတ်ရက်မရှိ အသုံးပြုသူ customer များအတွက် ဝန်ဆောင်မှုပေးအပ်သွားမည်ဖြစ်သည်။

 

ယခုလို လိမ်လည်မှုများကို သတိပြုဆင်ခြင်ပြီး အက်တမ် (ATOM) ကို လူကြီးမင်း၏ ယုံကြည်စိတ်ချရသော ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူအဖြစ် ရွေးချယ်သည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်။ လူကြီးမင်း၏ ပူးပေါင်းပါဝင်ပံ့ပိုးမှုသည် အက်တမ် (ATOM) အတွက် အဖိုးမဖြတ်နိုင်သော အရာတစ်ခုဖြစ်ပါသည်။

Back to top