We'd like to send you notifications of the latest posts and updates

လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး

အက်တမ် (ATOM) သည် တာဝန်သိ စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် လူမှုအဖွဲ့အစည်းအပေါ် ကောင်းမွန်သော အကျိုးသက်ရောက်မှုများဖြင့် အကျိုးပြုရန်သာမက၊ လူမှုအသိုင်းအဝိုင်း အသီးသီးရှိ မိဘမဲ့ကလေးစာသင်ကျောင်းများသို့ အရည်အသွေးပြည့်မီသော အထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းပံ့ပိုးပေးရန်အတွက် ဤအစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ စာသင်ကျောင်းများမှ ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများ၏ ဘဝများနှင့် ပညာရေးပတ်ဝန်းကျင်ကို တိုးတက်ကောင်းမွန်အောင် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။ အက်တမ် (ATOM) မှ လှူဒါန်းသော အဆောက်အအုံနှင့် အထောက်အကူပြုပစ္စည်းများသည် သက်ဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် မိဘမဲ့ဂေဟာများ၏ လိုအပ်ချက်များအလိုက် ကွဲပြားမှုရှိပါသည်။

 

Back to top