We'd like to send you notifications of the latest posts and updates

Article

မျှဝေခံစား အက်တမ်(ATOM) ၏ နှလုံးသား - အက်တမ် (ATOM) မှ ၂၀၂၄ ခုနှစ်အတွင်း လူမှုအသိုင်းအဝိုင်းများသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးမှုများ

09 Dec,2024 - Yangon | 3 mins read

ရေးသူ - ဦးသိန်းဟုတ်၊ အက်တမ် (ATOM) ၏ ကော်ပိုရိတ်ရေးရာအရာရှိချုပ်

အက်တမ် (ATOM) နဲ့ မြန်မာပြည်သူတွေအကြားက ဆက်နွယ်မှုဟာ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ပံ့ပိုးပေးတာထက် ပိုပါတယ်။ အထူးသဖြင့် အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ ကာလမှာ ကျွန်တော်တို့ အက်တမ်(ATOM)အနေနဲ့ ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝိုင်းတွေထဲက လူတွေ ကိုယ်ကျန်းမာစိတ်ချမ်းသာ ရှိစေနိုင်ဖို့အတွက် အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ပေးနေလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ  ပြည်သူတွေနဲ့ တစ်သားတည်း အမြစ်တွယ်တည်ရှိနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်တာနဲ့အညီ အကူအညီလိုအပ်နေတဲ့  နိုင်ငံတွင်းက လူမှုအသိုင်းအဝန်းတွေနဲ့ ပြည်သူတွေကို ကူညီဖို့အတွက် တာဝန်ရှိတယ်လို့ လေးလေးနက်နက် ယုံကြည်ထားပါတယ်။

CSR CCAO Article

ကျွန်တော်တို့ရဲ့ ကော်ပိုရိတ်ပိုင်းဆိုင်ရာကျင့်ဝတ်တွေက အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေကို ဖော်ဆောင်ဖို့အတွက် ပဓာနထားတဲ့အလျောက် အက်တမ် (ATOM) ရဲ့ ကတိကဝတ်ဖြစ်တဲ့ တာဝန်သိ လူမှုအကျိုးပြု အစီအစဉ် (Corporate Social Responsibility-CSR) ဟာ ၂၀၂၄ ခုနှစ်မှာ ပိုပြီးတော့ အားကောင်းလာခဲ့ပါတယ်။ "မျှဝေခံစား အက်တမ်၏ နှလုံးသား" ဆိုတဲ့ ဆောင်ပုဒ်အောက်မှာ ကျွန်တော်တို့အနေနဲ့ ပြည်သူတွေဆီကို ပိုမိုကောင်းမွန်တဲ့ အရာတွေကို ဆောင်ယူလာပေးခဲ့ပြီး အရေးပေါ်အခြေအနေတွေမှာလည်း ကူညီထောက်ပံ့ရေးတွေ ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံက အကာအကွယ်နည်းပြီး ထိခိုက်လွယ်တဲ့ လူမှုအသိုင်းအဝန်းတွေကို စာနာထောက်ထားမှုနဲ့အတူ ကူညီဖေးမမှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ အက်တမ် (ATOM) အနေနဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေအတွက် စုစုပေါင်း မြန်မာငွေကျပ်သိန်းပေါင်း ၀,၀၀၀ (မြန်မာငွေကျပ် ငါး ဘီလီယံ) ကို ပံ့ပိုးကူညီပေးခဲ့ပြီးတော့ မြန်မာပြည်သူ ပြည်သားပေါင်း () သိန်းကျော်ရဲ့ လူနေမှုဘဝတွေကို ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေခဲ့ပါတယ်။ ဒီနှစ် နိုဝင်ဘာလအထိ အက်တမ် (ATOM) အနေနဲ့ ရရှိခဲ့တဲ့ ကြီးမားတဲ့ တိုးတက်မှု မှတ်တိုင်တွေအဖြစ် လူမှုဘဝနဲ့ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေကို ဒစ်ဂျစ်တယ်စနစ် ကူးပြောင်းခြင်းနဲ့ လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်းစတဲ့ အက်တမ် (ATOM) က ချမှတ်ထားတဲ့ အဓိကဦးတည်ချက် (၃) ရပ်နဲ့အညီ လူမှုအကျိုးပြုလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေလျက်ရှိပါကြောင်း ဂုဏ်ယူစွာ မျှဝေလိုက်ရပါတယ်။

လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး

ရပ်ရွာ အခြေပြု စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် အထောက်အကူတစ်ခု အဖြစ်  လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် ကျွန်တော်တို့ကိုင်စွဲထားသည့် ယုံကြည်ချက်သည် ၂၀၂၄ ခုနှစ်တွင် ကနဦး အစီအစဉ်များကို လမ်းညွှန်ပေးနိုင်ခဲ့ပါသည်။

၂၀၂၄ခုနှစ်၊ ဇန်နဝါရီလတွင် အက်တမ် (ATOM) သည် မြန်မာငွေကျပ် (၉၀) သန်းကျော်တန်ဖိုးရှိ စက်ပစ္စည်းများနှင့် ပရိဘောဂများစွာကို Madrasah Arabia Anwarul-Uloom အစ္စလာမ်ဘာသာဝင်မိဘမဲ့ကလေးများ ပရဟိတ ယဥ်ကျေးလိမ္မာသင်တန်းကျောင်းသို့ ပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းသား/ကျောင်းသူများအတွက် အနာဂတ်တွင် အလားအလာကောင်းများပိုင်ဆိုင်နိုင်စေရန်လိုအပ်သော အရည်အသွေးပြည့်ဝသည့် သင်ကြားရေး ပတ်ဝန်းကျင်ကောင်းများကို ရရှိစေရန် ဖြည့်ဆည်ပေးနိုင်ခဲ့ပါသည်။

ထို့အပြင် အက်တမ် (ATOM) သည် ၂၀၂၄ခုနှစ်၊ ဧပြီလတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ မင်္ဂလာတိုက်ကျောင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို မူကြိုကျောင်းဆောင် ဆောက်လုပ်ရန် မြန်မာငွေကျပ်သန်းပေါင်း (၁၅၀) ခန့် (ကိန်းဂဏန်းအားဖြင့် ၁၅၀,၀၀၀,၀၀၀ ကျပ်) ကို လှုဒါန်းမှုပြုလုပ်ခဲ့ပါသည်။ ယခုကျောင်းဆောင်သစ်မှတစ်ဆင့် ကျေးလက်ဒေသများမှ ကလေးငယ်ပေါင်း (၅၀၀) ကျော်၏ မူလတန်းကြိုပညာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါသည်။

ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်း

အက်တမ် (ATOM) အနေဖြင့် ဒစ်ဂျစ်စနစ်ကူးပြောင်းခြင်းအပေါ်တွင် ချမှတ်ထားသော အဓိက ဦးတည်ချက်များနှင့်အညီ အက်တမ် (ATOM) မှ အသုံးပြုသူ customer များအတွက် တယ်လီဖုန်းဖြင့် ကျန်းမာရေးဆွေးနွေးမှုများပေးခြင်း ဝန်ဆောင်မှုကို ပြုလုပ်ပေးခဲ့ပါသည်။  အက်တမ် (ATOM) သည် Trust Oo Co., Ltd. နှင့်လက်တွဲပူးပေါင်းခဲ့ပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူပေါင်း ၂၀၀,၀၀၀ ကျော်အတွက် '၇၈၈၇' သို့ ဖုန်းခေါ်ဆိုရုံဖြင့် (၂၄) နာရီ၊ (၇) ရက်ပတ်လုံး အကန့်အသတ်မရှိ ကျန်းမာရေးဆိုင်ရာ ဖုန်းဖြင့် တိုင်ပင်ဆွေးနွေးဝန်ဆောင်မှုများကို ပေးအပ်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ထောင်ခဲ့သည့် အဆိုပါ ဝန်ဆောင်မှုကို အက်တမ် (ATOM) မှ မြန်မာငွေ ကျပ် ၂၀၀ သန်းကျော် ရင်းနှီးမြှုပ်နှံခဲ့ပြီး အမြန်ဆုံး ကျန်းမာရေးဆွေးနွေးတိုင်ပင်မှု လိုအပ်နေသာလူများအတွက် အထူးသဖြင့် ကျေးလက်ဒေသများနှင့် အလှမ်းဝေးသော လူမှုအသိုင်းအဝိုင်းများအတွက် အဆင်ပြေစေခဲ့ပါသည်။ ၂၀၂၄ ခုနှစ် မေလတွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူများအတွက် ယခင်ကထက် ပို၍ ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီ လွယ်ကူစွာရရှိနိုင်ရန် အလွန်အရေးပါသည့် အခမဲ့ကျန်းမာရေးဆွေးနွေးဝန်ဆောင်မှုကိုမြှင့်တင်ရန်အတွက် ကျန်းမာရေး အသိပညာပေး ကန်ပိန်း တစ်ခုကိုမိတ်ဆက်ခဲ့ပါသည်။

လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်း

ယခုနှစ်တွင် မြန်မာနိုင်ငံသည် ယခင်က မကြုံခဲ့သည့် ပြင်းထန်သော ရေကြီးမှုဒဏ်များကြုံတွေ့ခဲ့ရသောကြောင့် အက်တမ် (ATOM) မှ သဘာဝဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စောင့်ရှောက်မှုနှင့် ပံ့ပိုးကူညီမှုများကို ပုံဖော်လုပ်ဆောင်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် အက်တမ် (ATOM) သည် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဘားအံမြို့တို့ရှိ ရေဘေးသင့်အိမ်ထောင်များအတွက် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ ပေးပို့လှူဒါန်းလျက်ရှိရာ ခန့်မှန်းခြေ လူဦးရေပေါင်း (၁၀,၀၀၀) ကျော်အတွက် အထောက်အကူဖြစ်စေခဲ့ပါသည်။ အက်တမ် (ATOM) အနေဖြင့် ရေဘေးဒဏ်ကြောင့် စိတ်သောက ရောက်နေသော အကူအညီလိုအပ်နေသည့် မိသားစုများအတွက် အရေးပေါ် အသုံးပစ္စည်းများ၊ ရေသန့်များနှင့် အစားအသောက်များကို  လျင်မြန်ထိရောက်စွာရရှိစေရန် ရည်ရွယ်ချက်ဖြင့် ပံ့ပိုး လှူဒါန်းခဲ့သည်။

ရေဘေးကူညီရေးနှင့်ပတ်သက်သည့် အက်တမ် (ATOM) ၏ ကတိကဝတ်သည် ယခုနေရာတွင်ပင် အဆုံးသတ်မသွားခဲ့ပါ။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် လည်း အက်တမ် (ATOM) မှ မြန်မာနိုင်ငံတွင်း ရေကြီးရေလျှံမှုကို ပံ့ပိုးကူညီရန်နှင့် ပြန်လည်ထူထောင်ရေးကြိုးပမ်းမှုများအတွက် ကယ်ဆယ်ရေး ပြန်လည်ထူတောင်ရေး မတည်ငွေ မြန်မာငွေကျပ်သိန်းပေါင်း ၁,၀၀၀၀ ကိုလည်း လှူဒါန်းခဲ့ပါသည်။ အကူအညီလိုအပ်သည့်နေရာများသို့ အလှူပစ္စည်းများ အဆင်ပြေချောမွေ့စွာ ရောက်ရှိစေနိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်တွင်းအဖွဲ့အစည်းများ၊ အာဏာပိုင်များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

ထို့အပြင် ရေဘေးသင့် ပြည်သူများအတွက် အခမဲ့ တယ်လီဖုန်းဖြင့် ကျန်းမာရေးဝန်ဆောင်မှုများဆက်လက် ပေးနိုင်ရန်အတွက် အကူအညီများကိုလည်း တိုးချဲ့ထားခဲ့ပြီး အသုံးပြုသူ customers များက စာတို SMS မှ တစ်ဆင့်လှူဒါန်းနိုင်သည့် 'အက်တမ်နဲ့အတူနှစ်ဆလှူ' (Double The Donation with ATOM) ဟု အမည်ပေးထားသည့် အစီအစဉ်ကိုလည်း မိတ်ဆက်ပေးခဲ့ကာ အဆိုပါ အစီအစဉ်မှ အက်တမ် (ATOM)၏ လှူဒါန်းမှုသည် အကူအညီလိုအပ်သူများထံသို့ လှူဒါန်းမှု ၂ဆ ရောက်ရှိသွားစေခဲ့ပါသည်။

အကြပ်အတည်းကာလများတွင် ကိုယ်ချစ်ရသော သူများနှင့် အဆက်အသွယ်မပြတ်စေဖို့က အထူးအရေးကြီးပါသည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလလယ်တွင် အက်တမ် (ATOM) မှ ရေကြီးရေလျှံမှုဒဏ်ကို ကြုံတွေ့ခံစားခဲ့ရသည့် ဒေသများမှ အက်တမ် (ATOM) အသုံးပြုသူ customer များအတွက် အခမဲ့ဖုန်းခေါ်ဆိုမှုမိနစ်များနှင့် အခမဲ့စာတို SMS ပေးပို့ခွင့်ကို ပေးအပ်ခဲ့သည်။ အက်တမ် (ATOM) အသုံးပြုသူ customer များအနေဖြင့် ချစ်ခင်ရသူများနှင့် အဆက်အသွယ်မပြတ် ရှိနေစေရန်နှင့် လိုအပ်ပါက လွယ်ကူစွာ အကူအညီတောင်းခံနိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ အခမဲ့ဝန်ဆောင်မှုများကို ပေးအပ်ခြင်းဖြစ်သည်။ အက်တမ် (ATOM) အနေဖြင့် မည်သို့သော အခြေအနေမျိုးတွင်မဆို မြန်မာနိုင်ငံတစ်ဝှမ်းမှ ပြည်သူများအချင်းချင်း ဆက်အသွယ်မပြတ်စေရန်အတွက် ကတိပြုထားပါသည်။

အမျိုးသမီး အားကစားကဏ္ဍ မြှင့်တင်ပေးခြင်း- အမျိုးသမီး ဘောလုံးအသင်းကို ထောက်ပံ့ပေးခြင်း

ကျွန်တော်တို့ ၏ တာဝန်သိ လူမှုအကျိုးပြုအစီအစဉ် (Corporate Social Responsibility) ကဏ္ဍထက်ကျော်လွန်၍ အက်တမ် (ATOM) က မြန်မာနိုင်ငံတွင် အမျိုးသမီးဘောလုံးအားကစားကဏ္ဍ မြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး မြန်မာနေရှင်နယ်လိဂ် (Myanmar National League) ကို  တစ်နှစ်လျှင် မြန်မာငွေကျပ်သိန်းနှစ်ထောင် (ကိန်းဂဏန်းအားဖြင့် မြန်မာငွေကျပ် ၂၀၀,၀၀၀,၀၀၀) ကို ‌ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါ ထောက်ပံ့မှုသည် အက်တမ်(ATOM) မှ နှစ်နှစ် ဆက်တိုက် အမျိုးသမီးဘောလုံးအားကစားကဏ္ဍကို ပံ့ပိုးပေးသည့် အမှတ်အသားဖြစ်ပြီး အမျိုးသား/ အမျိုးသမီး တန်းတူအခွင့်အရေးကို မြှင့်တင်ပေးရန်နှင့် အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ အကောင်းမွန်ဆုံးသော စွမ်းဆောင်ရည်များ ဖော်ထုတ်ခွင့်ရနိုင်ရန် ရည်ရွယ်ပါသည်။ 

ရှေ့ဆက်လုပ်ဆောင်သွားမည့် အစီအစဉ်

"မျှဝေခံစား အက်တမ်၏ နှလုံးသား" ဟူသောဆောင်ပုဒ်နှင့်အညီ အက်တမ် (ATOM) အနေဖြင့် လုပ်ငန်းလုပ်နေရခြင်းထက်ပိုသော ကတိကဝတ်များချမှတ်ထားပါသည်။ ကျွန်တော်တို့၏ ဦးတည်ချက်သည် ရှင်းရှင်းလင်းလင်းရှိနေဆဲဖြစ်သော ကျွန်တော်တို့၏ အသုံးပြုသူ customer များနှင့် လူမှု အသိုင်းအဝန်းများ၏ ဘဝများပေါ်တွင် သက်ရောက်မှုကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် တွန်းအားတစ်ခုအဖြစ် ဆက်လက်တည်ရှိသွားပါမည်။ အတူတကွဆိုလျှင် စည်းလုံးညီညွတ်မှု၊ ကရုဏာနှင့် တိုးတက်မှုတို့အပေါ် ကြီးပွားတိုးတက်စေသော ခိုင်ခံ့ပြီး ခံနိုင်ရည်ရှိသော မြန်မာနိုင်ငံဖြစ်ရန်အတွက် တည်ဆောက်နိုင်ပါသည်။

- ပြီး -

Back to top