We'd like to send you notifications of the latest posts and updates

Article

eSIM နှင့် Physical SIM card တို့၏ အားသာချက်၊ အားနည်းချက်များအကြောင်း တစေ့တစောင်း

14 May,2024 - Yangon | 3 mins read

စာရေးသူ - Srinivas Rao၊ အက်တမ် (ATOM) ၏ သတင်းအချက်အလက်ပိုင်းဆိုင်ရာ အရာရှိချုပ်

အသုံးပြုသူ customer တွေအနေနဲ့ eSIM အကြောင်းနဲ့ပတ်သက်ပြီး လေ့လာတဲ့အခါမှာ eSIM ရော၊ Physical SIM ရော နှစ်မျိုးစလုံးရဲ့ အားသာချက်၊ အားနည်းချက်တွေကို ထဲထဲဝင်ဝင်သိထားမှ ဘယ်အရာကိုရွေးသင့်လဲဆိုတဲ့ ဆုံးဖြတ်ချက်ကို မှန်မှန်ကန်ကန်ချနိုင်မှာဖြစ်ပါတယ်။ ဒီနှစ် ၂၀၂၄ ခုနှစ်မှာ ကျွန်တော်တို့ အက်တမ် (ATOM) ကနေပြီးတော့ မြန်မာနိုင်ငံမှာ eSIM နည်းပညာကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ မိတ်ဆက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့  eSIM ဟာဆိုရင် ပိုပြီး လွယ်ကူအဆင်ပြေတဲ့ မိုဘိုင်းဖုန်းအတွေ့အကြုံတွေကို ပေးအပ်နိုင်ဖို့အတွက် အရေးပါလှတဲ့ ခြေလှမ်းတစ်ခုလို့ပြောလို့ရပါတယ်။ (၈) လ တာကာလ အတောအတွင်းမှာ အခုလိုမျိုး eSIM ကို အသုံးပြုသူ customer တွေရဲ့ လက်ထဲကို အရောက်ထည့်ပေးနိုင်ဖို့ အက်တမ် (ATOM) မှာရှိတဲ့ ဌာနပေါင်းများစွာက အသင်းအဖွဲ့အသီးသီးကနေ စည်းစည်းလုံးလုံးနဲ့ ကြိုးပမ်းအားထုတ်ခဲ့မှုကြောင့်သာ ကျွန်တော်တို့ အက်တမ် (ATOM) ကနေပြီးတော့ အခုလိုမျိုး eSIM ဝန်ဆောင်မှုကို အောင်အောင်မြင်မြင်နဲ့ မိတ်ဆက်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

နှစ်မျိုးစလုံးကတော့ ဈေးကွက်ထဲမှာ ရှိနေတယ်ဆိုပေမယ့် ဘယ်အရာက ကိုယ်နဲ့ အဆင်ပြေဆုံးဖြစ်မလဲဆိုတာ သိရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ eSIM နဲ့ Physical SIM ကတ် နှစ်မျိုးစလုံးရဲ့ အားသာချက်၊ အားနည်းချက်တွေကို နှိုင်းယှဉ်ပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်။

eSIM နှင့် Physical SIM ကတ်တို့၏ အကြောင်းအစုံအလင်

ချစ်ပ်ပြားအသေးလေးတစ်ခုကို ဖုန်းထဲထည့်လိုက်ပြီး ကိုယ့်ရဲ့ ဖုန်းကွန်ယက်ကို ချိတ်ဆက်ပေးနိုင်တဲ့ Physical SIM အကြောင်းကိုတော့ ကျွန်တော်တို့အားလုံးက ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ပါတယ်။ ကိုယ်သုံးတဲ့ ဖုန်းကွန်ယက်ပြောင်းချင်ရင်လည်း ကိုယ့်ဖုန်းထဲမှာထည့်ထားတဲ့ ကတ်ကို တခြားကတ်နဲ့လဲလိုက်တာနဲ့ ရပါပြီ။

eSIM ကကျတော့ ကျွန်တော်တို့တွေ့နေကျ SIM ကတ်တွေနဲ့ လုပ်ဆောင်ချက်အတူတူပဲဆိုပေမယ့် သူက ကတ်ပြားထည့်စရာမလိုတော့ပါဘူး။ ပြောရရင်တော့ eSIM ဆိုတာ ဒစ်ဂျစ်တယ် SIM ကတ်လိုမျိုး သဘောတရားပါပဲ။ သူက ကိုယ့်ရဲ့ ဖုန်းထဲမှာ ကိုယ့်စိတ်တိုင်းကျ ပြင်ဆင်လို့ရပြီး ကိုယ့်ရဲ့ ဖုန်းပရိုဖိုင်ကို လုံခြုံစွာနဲ့ သိမ်းဆည်းပေးထားမယ့် chip ပြားလေးတစ်ခုပါပဲ။ eSIM နဲ့ဆိုရင် Physical SIM လိုမျိုး ကတ်အပြောင်းအလဲလုပ်နေစရာမလိုဘဲ ကိုယ်သုံးချင်တဲ့ ဖုန်းကွန်ယက်ကို အလွယ်တကူပြောင်းလို့ရပါတယ်။ eSIM ကို စပြီးအသုံးပြုတဲ့အခါမှာလည်း နည်းလမ်းအမျိုးမျိုးရှိပါတယ်။ ကျွန်တော်တို့ အက်တမ် (ATOM) မှာတော့ ရိုးရိုးရှင်းရှင်း QR code ဖတ်လိုက်ရင်လည်းရသလို eSIM ကို ကိုယ့်ရဲ့ Physical SIM နဲ့ပြောင်းလဲအသုံးပြုလို့လည်းရပါတယ်။

တစ်ခုချင်းစီရဲ့ အားသာချက်၊ အားနည်းချက်တွေကို ဆက်ပြီး ကြည့်လိုက်ကြရအောင်။

eSIM ၏ အားသာချက်များ နှင့် အားနည်းချက်များ

အားသာချက်များ

အားနည်းချက်များ

အဆင်ပြေလွယ်ကူခြင်း - ကိုယ့်မှာ physical SIM ကတ်တွေ အများကြီးရှိထားစရာမလိုဘဲနဲ့ အသုံးပြုသူတွေက ကိုယ့်ဖုန်းထဲမှာ ပရိုဖိုင်အသစ်တစ်ခုကို ဒေါင်းလုဒ်ဆွဲလိုက်ရုံနဲ့ ကိုယ်အသုံးပြုချင်တဲ့ဖုန်းလိုင်းကို ပြောင်းလဲအသုံးပြုလို့ရပါတယ်။ 

အသုံးပြုနိုင်သည့် ဖုန်းအမျိုးအစား အကန့်အသတ်ရှိခြင်း - လက်ရှိမှာတော့ eSIM ကို Physical SIM ကတ်လိုမျိုး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလို့မရသေးပါဘူး။ အထူးသဖြင့် မော်ဒယ်နိမ့်တဲ့ဖုန်းအမျိုးအစားတွေမှာ သုံးလို့မရပါဘူး။

တာရှည်ခံခြင်း - eSIM တွေမှာ physical SIM ကတ်တွေမှာ ဖြစ်လေ့ရှိတဲ့ ကတ်ပျက်စီးတဲ့အခါ အသုံးပြုလို့မရတဲ့ ပြဿနာမျိုးတွေ မရှိတော့ပါဘူး။

ဖုန်းလိုင်းကန့်သတ်ချက်များရှိခြင်း - ဖုန်းလိုင်းအားလုံး eSIM ဝန်ဆောင်မှုကို မပေးနိုင်သေးပါဘူး။ eSIM စပြီး အသုံးပြုဖို့ လုပ်ဆောင်ရမယ့် အဆင့်ဆင့်တွေကလည်း ဖုန်းလိုင်းအပေါ်မူတည်ပြီး တစ်ခုနဲ့တစ်ခု မတူပါဘူး။

ပိုမိုလုံခြုံမှုရှိခြင်း - eSIM မှာဆိုရင် အသုံးပြုသူတွေရဲ့ ဒေတာလုံခြုံရေးကို မြှင့်တင်ထားတာကြောင့် ဖုန်းအခိုးခံရပြီး ကိုယ့်ရဲ့ဖုန်းကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုနိုင်ခြေ လျော့နည်းသွားပါတယ်။

eSIM စတင်အသုံးပြုသည့်အခါတွင် အခက်အခဲများရှိနိုင်ခြင်း - နည်းပညာမကျွမ်းကျင်သူတွေအနေနဲ့ eSIM စတင်အသုံးပြုတဲ့ဖို့ လုပ်ဆောင်တဲ့အခါမှာ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ဖုန်းအသစ်လဲတဲ့အခါ eSIM ကို ထပ်ပြီး ပြောင်းထည့်ရတဲ့အဆင့်ဆင့်က အသုံးပြုသူတွေအနေနဲ့ ပျင်းဖို့ကောင်းနိုင်ပါတယ်။

လိုက်လျောညီထွေရှိခြင်း - ဖုန်းတစ်လုံးထဲမှာ ကိုယ်သုံးချင်တဲ့ ဖုန်းလိုင်းတွေကို အများကြီး ထည့်ထားလို့ရတာကြောင့် ခရီးသွားတဲ့အခါမှာ eSIM က အဆင်ပြေဆုံးဖြစ်မှာပါ။

Physical SIM ကတ်၏ အားသာချက်များ နှင့် အားနည်းချက်များ

အားသာချက်များ

အားနည်းချက်များ

မည်သည့်ဖုန်းအမျိုးအစားတွင်မဆို အသုံးပြုနိုင်ခြင်း - Physical SIM ကတ်တွေကို အခြေခံဖုန်းအမျိုးအစားကနေစတင်ပြီး နောက်ဆုံးပေါ်စမတ်ဖုန်းတွေအထိ ဖုန်းအမျိုးအစားမရွေးမှာ အသုံးပြုနိုင်ပါတယ်။ 

ပျောက်ဆုံးပျက်စီးနိုင်ခြေရှိခြင်း - Physical SIM ကတ်တွေက ကိုယ်အထားမှားတာမျိုး၊ အခိုးခံရတာမျိုး၊ ပျောက်ရှပျက်စီးတာမျိုးတွေဖြစ်နိုင်ပါတယ်။ ပျောက်ဆုံးပျက်စီးလို့ ဆင်းမ်ကတ်အသစ်ပြန်ပြီး လျှောက်တဲ့အခါမှာလည်း အချိန်ကုန် လူပင်ပန်း၊ ငွေကြေးကုန်ကျတာမျိုးတွေ ရှိလာနိုင်ပါတယ်။

အသုံးပြုရ လွယ်ကူခြင်း - စဖုန်းတစ်လုံးနဲ့ တစ်လုံးကြားမှာ ဆင်းကတ်ပြောင်းရတာက လွယ်ကူရိုးရှင်းပါတယ်။

ကွန်ယက်ချိတ်ဆက်ရာတွင် အဆင်ပြေမှုမရှိခြင်း - ကိုယ်သုံးတဲ့ ဖုန်းလိုင်းပြောင်းချင်တဲ့အခါမျိုးမှာ ဖုန်းဆိုင်ကို လူကိုယ်တိုင် သွားရောက်ပြီး ဆင်းမ်ကတ်အသစ်ဝယ်ရမှာဖြစ်ပါတယ်။

လွယ်ကူစွာစတင်အသုံးပြုနိုင်ခြင်း - Physical SIM ကတ်တွေက အင်တာနက်ချိတ်ဆက်ထားစရာမလိုဘဲ ထည့်သွင်းအသုံးပြုနိုင်သောကြောင့် အင်တာနက်လိုင်းမရတဲ့နေရာဒေသတွေမှာ အသုံးပြုရတာ လွယ်ကူအဆင်ပြေစေပါတယ်။

အကျဉ်းချုပ်ပြောရမယ်ဆိုရင်တော့ Physical SIM ကတ်တွေက နေရာမရွေး ကျယ်ကျယ်ပြန့်ပြန် အသုံးပြုလို့ရပြီး လိုက်လျောညီထွေဖြစ်တဲ့အပြင် သုံးရလွယ်ကူတာကြောင့် လူကြိုက်များနေဆဲဖြစ်ပြီး eSIM တွေကလည်း သုံးရတာအဆင်ပြေပြီး ဖုန်းလိုင်းတွေ လွယ်လွယ်ကူကူပြောင်းလို့ရပြီး ပိုမိုကောင်းမွန်တဲ့လုံခြုံရေးလိုမျိုး အားသာချက်တွေအများကြီးရှိတဲ့အတွက်ကြောင့် သုံးရတာအဆင်ပြေပါတယ်။ eSIM နည်းပညာ အသုံးပြုတဲ့အတွက် ကိုယ့်ရဲ့ မိုဘိုင်းအတွေ့အကြုံတွေက အရင်ကထက် ပိုပြီး ချောမွေ့လာစေရုံသာမက မိုဘိုင်းနည်းပညာရဲ့ အနာဂတ်တိုးတက်မှုတွေအတွက်လည်း အဆင်သင့်ဖြစ်နေမှာပါ။

စမတ်ဖုန်းတွေကို ကျော်လွန်ပြီးတော့ eSIM နည်းပညာက နယ်ပယ်ကဏ္ဍပေါင်းစုံမှာ တိုးတက်ပြောင်းလဲနေပါပြီ။ အဲ့ဒီအထဲကမှ ဥပမာပေးရမယ်ဆိုရင် -

  • ယာဉ်များနဲ့ ချိတ်ဆက်နိုင်ခြင်း (မော်တော်ကား) - ချောမွေ့တဲ့ ချိတ်ဆက်မှုကို ပေးအပ်နိုင်ပြီး eSIM နဲ့ချိတ်ဆက်ထားတဲ့ စက်ပစ္စည်းတွေကိုဆိုရင် အဝေးထိန်းစနစ်နဲ့ ထိန်းချုပ်လို့ရပါတယ်။
  • အသုံးပြုသူရဲ့ ကိရိယာများနဲ့ ချိတ်ဆက်အသုံးပြုနိုင်ခြင်း - စမတ်နာရီတွေ၊ လက်ပ်တော့တွေ၊ Tablet တွေအတွက် Cellular ချိတ်ဆက်မှုအတွက် စမတ်ဖုန်းတွေရဲ့ Hotspot ကို အားကိုးနေစရာမလိုဘဲ eSIM နဲ့တင်အဆင်ပြေပါတယ်။
  • စမတ်မြို့တော် - ကားလမ်းကြောင်းရှင်းလင်းရေး၊ စွန့်ပစ်ပစ္စည်းတွေကို အလေအလွင့်မရှိအောင် ထိန်းသိမ်းထားမှုနဲ့ တခြား စမတ်မြို့တော် ဖြစ်လာစေဖို့ အထောက်အကူပြုတဲ့ application တွေမှာ eSIM မှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။
  • ထောက်ပံ့ပို့ဆောင်မှု (Logistics) - eSIM အသုံးပြုထားတဲ့ tracker တွေနဲ့ဆိုရင် အချိန်နဲ့တစ်ပြေးညီ စီမံခန့်ခွဲနိုင်ပြီး ကုန်တင်သင်္ဘောတွေနဲ့ တခြား ထောက်ပံ့ပို့ဆောင်မှုနဲ့ပတ်သက်တဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ချောမွေ့စွာလုပ်ဆောင်နိုင်ပါတယ်။
  • အိမ်လုံခြုံရေး - အိမ်လုံခြုံရေးစနစ်တွေနဲ့ပတ်သက်လာရင် အင်တာနက်ပြတ်တောက်သွားတဲ့အချိန်တွေမှာတောင် ဆက်ပြီးလည်ပတ်နိုင်တဲ့အတွက် eSIM တွေက ယုံကြည်စိတ်ချရတဲ့ ချိတ်ဆက်မှုတစ်ခုကို ပေးစွမ်းနိုင်ပါတယ်။
  • ကျန်းမာရေးစောင့်ရှောက်မှု - လူနာတွေကို အဝေးကနေ စောင့်ကြည့်ဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးဝန်ဆောင်မှဒတွေကို ပေးအပ်နိုင်ဖို့အတွက် ဆေးဘက်ဆိုင်ရာ ကိရိယာတွေနဲ့ ကျန်းမာရေးတိုင်းတာတဲ့စက်တွေကို eSIM က ချိတ်ဆက်ပေးနိုင်ပါတယ်။
  • Internet of Things (IoT) - eSIM က IoT တိုးတက်ဖို့အတွက် အဓိကကျတဲ့ အခန်းကဏ္ဍကနေပါဝင်နေပြီး စက်ကိရိယာပေါင်းများစွာအတွက် အဆင်ပြေပြေနဲ့ လုံခြုံစိတ်ချစွာ ချိတ်ဆက်ပေးပါတယ်။

အက်တမ် (ATOM) မှာ အသုံးပြုသူ customer တွေကို ပိုမိုသာလွန်ကောင်းမွန်တဲ့ အတွေ့အကြုံကောင်းတွေကို ပေးအပ်နိုင်ဖို့အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းနေလျက်ရှိပါတယ်။ အခုဆိုရင် ကျွန်တော်တို့အနေနဲ့ အသုံးပြုသူ customer တွေအတွက် သူတို့နဲ့အဆင်ပြေမယ့်အရာကို စိတ်ကြိုက်ရွေးချယ်လို့ရအောင် physical SIM ကတ်အပြင် eSIM ဝန်ဆောင်မှုပါ ပေးအပ်နေပါပြီ။

အခုလတ်တလောမှာတော့ eSIM ဝန်ဆောင်မှုကို ကိုယ့်ဖုန်းထဲမှာ စပြီးအသုံးပြုချင်တယ်ဆိုရင် အသုံးပြုသူ customer တွေအနေနဲ့ ကိုယ်နဲ့နီးစပ်ရာ အက်တမ် (ATOM) အရောင်းဆိုင်တွေဆီမှာ သွားရောက်ပြီး စတင်အသုံးပြုနိုင်ပါတယ်။ မဝေးတော့တဲ့ အနာဂတ်မှာ ကျွန်တော်တို့ အက်တမ် (ATOM) ရဲ့ eSIM ဝန်ဆောင်မှုကို အွန်လိုင်းကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာရော ATOM Store App ပေါ်မှာပါ လွယ်ကူစွာ ရယူနိုင်တော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အက်တမ် (ATOM) ရဲ့ eSIM ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး အသေးစိတ်သိချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ အက်တမ် (ATOM) website မှာ သွားရောက်ဖတ်ရှုလို့ရသလို နီးစပ်ရာ အက်တမ် (ATOM) ဆိုင်ခွဲတွေဆီသွားရောက်ပြီး စုံစမ်းနိုင်ပါတယ်။

- ပြီး -

Back to top