We'd like to send you notifications of the latest posts and updates

Article

အက်တမ်(ATOM) ရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ဆောင်ချက်များ

24 Dec,2025 - Yangon | 3 mins read

စာရေးသူ - CCAO

 

ကမ္ဘာတစ်ဝန်းမှာ ရာသီဥတုတည်ငြိမ်မှု၊ ကြံ့ခိုင်မှုကို အာရုံစိုက်လာတာနဲ့အမျှ နိုင်ငံတကာက လုပ်ငန်း အသီးသီးဟာ ရေရှည်တည်တံ့တိုးတက်မှုအတွက် အဓိကနေရာက ပါဝင်လာကြပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာ ပါဝင်ဆက်စပ်သူတွေဆီက လုပ်ငန်းလည်ပတ်မှုဆိုင်ရာလိုအပ်ချက် နဲ့ မျှော်မှန်းချက်တွေ အရှိန်အဟုန်မြင့်လာတာကြောင့်လည်း စီးပွားရေးလုပ်ငန်းများစွာဟာ ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုတွေ လျှော့ချနိုင်စေဖို့ ရည်ရွယ်ချက်ကောင်းတွေနဲ့ လျှောက်လှမ်းနေကြပြီ ဖြစ်ပါတယ်။

အချက်အလက်တွေအရ ကမ္ဘာတစ်ဝန်းက တယ်လီကွန်းကုမ္ပဏီတွေဟာ ၂၀၁၉ ခုနစ်အတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့အလားတူ ဓာတ်ငွေ့ပမာဏတန်ချိန် (၁.၇) ဘီလီယံခန့် ထုတ်လွှတ်ခဲ့ပြီး ဒါဟာ ကမ္ဘာတစ်ခုလုံး စုစုပေါင်းထုတ်လွှတ်မှုရဲ့ ၂ ရာခိုင်နှုန်းနီးပါး ရှိနေတာကို မြန်မာနိုင်ငံရဲ့ အကောင်းဆုံးတယ်လီကွန်း ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ လေ့လာသတိပြုမိပါတယ်။ ဒီအချက်အလက်တွေအရ စွမ်းအင်အသုံးပြုမှုကို ပိုမိုထိရောက်ပြီး ရေရှည်တည်တံ့တဲ့ လုပ်ဆောင်မှုတွေကို ကျင့်သုံးဖို့ဆိုတာ ကျွန်တော်တို့အတွက် အခြေခံမူတစ်ခု ဖြစ်လာပါတယ်။ ဒီလိုအရေးကြီးတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုတွေကို နားလည်တဲ့ အက်တမ်(ATOM) အနေနဲ့ သဘာဝပတ်ဝန်းကျင် အဓွန့်ရှည်ခိုင်မြဲရေးအတွက် ရုံးတွင်းရုံးပြင် လည်ပတ်မှုတိုင်းမှာ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ အလေ့အကျင့်ကောင်း၊ လုပ်ဆောင်မှုကောင်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။

ေရှည်တည်တံ့သော အလေ့အကျင့်လုပ်ဆောင်ချက်များ

စီးပွားရေးလုပ်ငန်းလည်ပတ်မှုအတွက် ရေရှည်တည်တံ့တဲ့ လုပ်ဆောင်ချက်တွေ အားကောင်းလာချိန်မှာ စွန့်ပစ်ပစ္စည်း၊ စွမ်းအင်နဲ့ အရင်းအမြစ် စီမံခန့်ခွဲမှုတွေက အဓိကကျလာပါတယ်။ ရုံးတွင်းနဲ့ လုပ်ငန်းလည်ပတ်မှုများဟာ ကာဗွန်ထုတ်လွှတ်မှုနဲ့ စွန့်ပစ်ပစ္စည်းထွက်ရှိမှု အများအပြား ဖြစ်ပေါ်စေပြီး အဲ့ဒီကမှတစ်ဆင့် အီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်း (e-waste) စွန့်ပစ်မှုကလည်း ၂၀၅၀ ခုနှစ်မှာ နှစ်ဆထက်မက ပိုမိုမြင့်တက်လာမယ်လို့ မှန်းဆနေကြတဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ထုတ်လွှတ်မှုအများစုအတွက် ဝန်ဆောင်မှုနဲ့ ထုတ်ကုန်ဖြန့်ဖြူးပေးပို့တဲ့ supply chain စနစ်တစ်ခုလုံးက တာဝန်ရှိနေတာကို ပိုပြီးထင်ရှားစေပါတယ်။

ပိုမိုစိမ်းလန်းလာဖို့အတွက် အလေ့အကျင့်ကောင်းတွေဟာ မရှိမဖြစ် လိုအပ်တာထက် ပိုပါတယ်။ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိအောင် နေထိုင်ရုံသာမကဘဲ ရေရှည်တည်တံ့တဲ့ အနာဂတ်အထိ တည်ဆောက်နိုင်ဖို့အရေးကြီးပါတယ်။ တစ်ဦးချင်းစီတိုင်းမှာ ပါဝင်ရမယ့် အခန်းကဏ္ဍရှိပြီး သေးငယ်တဲ့ အလေ့အကျင့်တွေ ကနေ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်တွေအထိ နေ့စဉ် ရွေးချယ်မှုတိုင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာတဲ့အခါ ကမ္ဘာမြေအတွက် တကယ့်ကို ရေရှည်တည်တံ့တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒါကြောင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ လုပ်ငန်းတစ်ခုအနေနဲ့ ကတိကဝတ်ပြုထားတဲ့ အက်တမ်(ATOM) ဟာ စွမ်းအင်ချွေတာခြင်း၊ စာရွက်သုံးစွဲမှုလျှော့ချခြင်း၊ ပြန်လည်အစားထိုး သုံးစွဲခြင်းနဲ့ တာဝန်သိသိ အရင်းအမြစ် စီမံခန့်ခွဲခြင်းတို့လိုမျိုး လက်တွေ့ကျတဲ့ နေ့စဉ်လုပ်ဆောင်ချက်တွေကို ဦးစားပေးလုပ်ဆောင်ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေကို မြှင့်တင်ဖို့အတွက် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးစနစ် (Environmental Management System) ကို စတင်ခဲ့ပြီး သီးသန့် အဖွဲ့ ဖွဲ့တာ၊ စစ်ဆေးရေးမှူးတွေ ကို လေ့ကျင့်ပေးတာနဲ့ လုပ်ငန်းစဉ်တွေကို နိုင်ငံတကာ စံနှုန်းတွေ နဲ့ ချိန်ညှိတာ စတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီလို စနစ်တကျ ချဉ်းကပ်မှုတွေကြောင့် မကြာသေးမီကပဲ  ISO 14001:2015 လက်မှတ် ကို ရရှိခဲ့ပြီး တစ်ဦးချင်းစီရဲ့ ကတိကဝတ်နဲ့ စနစ်တကျ လုပ်ဆောင်မှုတွေ ပေါင်းစပ်လိုက်တဲ့အခါ ပတ်ဝန်းကျင်ဆိုင်ရာ ရလဒ်ကောင်းတွေကို ဘယ်လို ဖော်ဆောင်နိုင်တယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။

စွမ်းအင် ထိရောက်စွာ အသုံးပြုခြင်း

စွမ်းအင်လိုအပ်ချက်တွေ တိုးလာတာနဲ့အမျှ ကုမ္ပဏီတွေဟာ သူတို့ရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုဆိုင်ရာ စီမံခန့်ခွဲချက်တွေကို ပိုပြီး အာရုံစိုက်လာကြပါတယ်။ ဒေတာစင်တာ တွေကနေ လျှပ်စစ်သုံးစွဲမှုဟာ မြင့်တက်လာဖို့ ရှိနေပြီး ဒီလိုအခြေအနေမှာ အော်ပရေတာတွေအနေနဲ့ ပိုသန့်တဲ့စွမ်းအင်တွေ ပြောင်းလဲအသုံးပြုဖို့ နဲ့ ရုပ်ကြွင်းလောင်စာတွေအပေါ်မှီခိုမှုကို လျှော့ချဖို့ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ကျွန်တော်တို့ရဲ့ နေရောင်ခြည်စွမ်းအင်သုံး တာဝါတိုင်တွေကို စတင်အသုံးပြုခြင်းကနေ ဒီဇယ်သုံးစွဲမှုကို လျှော့ချပေးခဲ့ပြီး အခုဆိုရင် ကျွန်တော်တို့  တာဝါတိုင်တွေရဲ့ (၄၀) ရာခိုင်နှုန်းလောက်မှာ ဒီစနစ်ကို စတင် အသုံးပြုနေပါပြီ။ ဒါ့အပြင် ၂၀၂၆ ခုနှစ်ရဲ့ ပထမသုံးလပတ်မှာ ကျွန်တော်တို့ ဒေတာစင်တာ အတွက် သီးသန့် နေရောင်ခြည်စွမ်းအင်ရ ကွင်းပြင်တစ်ခုကိုလည်း စတင်ဖို့ စီစဉ်နေပါတယ်။ ဒါဟာ ရုပ်ကြွင်းလောင်စာ သုံးစွဲမှုကို သိသိသာသာ လျှော့ချပေးရုံတင်မကပဲ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကိုလည်း မက်ထရစ်တန် (၁,၅၀၀) ကျော်အထိ လျှော့ချပေးနိုင်မှာပါ။ တစ်ချိန်တည်းမှာပဲ နေပြည်တော်၊ တပ်ကုန်းမြို့ အောက်ဆင်သေ သစ်တောကြိုးဝိုင်းရှိ မြေ (၅) ဧက ကျယ်ဝန်းတဲ့ နေရာမှာ သစ်ပင် (၁,၀၀၀) စိုက်ပျိုးခဲ့တဲ့ ပတ်ဝန်းကျင် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေက စိမ်းလန်းတဲ့ အခြေခံအုတ်မြစ် နဲ့ သဘာဝရှုခင်းတွေကို ပြန်လည် မျှတအောင် လုပ်ဆောင်ဖို့ ဘယ်လောက် အရေးကြီးလဲဆိုတာကို မီးမောင်းထိုးပြနေပါတယ်။

ကမ္ဘာတစ်ဝန်းက အော်ပရေတာတွေဟာ ပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်တွေကို အကဲဖြတ်ပြီး Net Zero ပန်းတိုင်ကို ဦးတည်နေချိန်မှာ ဒီလို အချက်အလက်အပေါ် အခြေခံတဲ့ မဟာဗျူဟာတွေဟာ ဘယ်လို လေကောင်းလေသန့် ရဖို့၊ ပိုမိုကျန်းမာတဲ့ ဂေဟစနစ်တွေ ရဖို့နဲ့ ပိုပြီး တည်ငြိမ်တဲ့ လူမှုအသိုင်းအဝိုင်းတွေ ရဖို့အတွက် ထောက်ပံ့ပေးနိုင်တယ်ဆိုတာကို ပြသနေပြီး ရှေ့ဆက်မယ့် ပိုမိုစိမ်းလန်းတဲ့ ခရီးလမ်းအတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကိုပါ ချပေးနေပါတယ်။   

ပိုမိုစိမ်းလန်းတဲ့ အနာဂတ်အတွက် ဆက်လက် ကတိကဝတ်ပြုခြင်း

ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိခြင်းဟာ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲမှုအတွက် မရှိမဖြစ် လိုအပ်နေပြီး ကမ္ဘာလုံးဆိုင်ရာ သုတေသနတွေအရ ဒီကဏ္ဍမှာ စွမ်းအင်လိုအပ်ချက်ဟာ လာမယ့်နှစ်တွေမှာ ဆက်လက်တိုးလာဦးမှာပါ။ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုစနစ်တွေကို အားကောင်းအောင် လုပ်ဆောင်တာ၊ ပြန်လည်အသုံးပြုနိုင်တဲ့ စွမ်းအင် တိုးချဲ့တာနဲ့ ပိုမိုစိမ်းလန်းတဲ့ နည်းပညာတွေကို ပေါင်းစပ်တာတွေဟာ ဒီဝန်ဆောင်မှုတွေကို မှီခိုနေရတဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် ပိုမိုရေရှည်တည်တံ့တဲ့ လမ်းကြောင်းကို ပုံဖော်ပေးမယ့် အဓိက ခြေလှမ်းတွေပါပဲ။ တကယ့် တိုးတက်မှုဆိုတာ နည်းပညာ နဲ့ အသိအမှတ်ပြုလက်မှတ်တွေထက် ကျော်လွန်ပါတယ်။ ဒါဟာ နေ့စဉ်နဲ့အမျှ တာဝန်ယူမှုရှိရှိ လုပ်ဆောင်ဖို့ ရွေးချယ်တဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ စုပေါင်း ကတိကဝတ်ပြုမှု ကနေ လာတာပါ။ အားလုံး ဒီကြိုးစားမှုတွေကို စဉ်ဆက်မပြတ် ရည်ရွယ်ချက်ရှိရှိ ဆက်လုပ်သွားမယ်ဆိုရင် လုပ်ငန်းကဏ္ဍတွေဟာ ပိုမိုစိမ်းလန်းပြီး ပိုမိုရေရှည်တည်တံ့တဲ့ အနာဂတ်ဆီကို ယုံကြည်စိတ်ချစွာ ရှေ့ဆက်သွားနိုင်မှာပါ။

References

https://view.gsma.com/mobile-net-zero-2025/

https://sustainablebusinessmagazine.net/eco-review/ecological-business-guide-what-defines-a-green-business/

https://www.bcg.com/publications/2023/seizing-opportunity-ewaste-recycling

https://www.seforall.org/system/files/2025-01/Energy_Efficiency_for_Businesses.pdf

https://news.sap.com/2023/09/emissions-in-telecommunications-industry-sustainable-transformation/

Back to top